Friday, June 17, 2011

မြန်မာအစိုးရကို ILO စောင့်ကြည့်နေ


၂၀၁၁ခုနှစ် ဇွန်လ ၁၆
RFA

မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေပြဌာန်းဖို့အတွက် အမြန်ဆုံး အကောင် အထည်ဖော်ဖို့ အိုင်အယ်လ်အိုက မြန်မာအစိုးရကို တိုက်တွန်းလိုက်သလိုပဲ အဓမ္မ လုပ်အားစေခိုင်းမှုတွေ ပပျောက်သွားဖို့အတွက် အစိုးရအနေနဲ့အချိန် (၁၂)လ သက်တမ်းတိုး ပေးလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုရဲ့ ဒီကနေ့ထုတ်ပြန်ချက် ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။
မြန်မာအစိုးရက လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေပြဌာန်းမယ်လို့ ကတိပေးနေပေမဲ့ အိုင်အယ်လ်အို အနေနဲ့တော့ လာမဲ့ နိုဝင်ဘာလ အထိသာ အချိန်ပေးထားကြောင်း အိုင်အယ်လ်အိုရဲ့အကြိမ် ၁၀၀ မြောက် ညီလာခံမှာ တက်ရောက်နေတဲ့ ဦးဇာနည်သွေးကပြောပြပါတယ်။

အခုကနေစပြီးတော့ လာမဲ့နိုဝင်ဘာလမှာရှိတဲ့ ဒီအုပ်ချုပ်ရေးအဖွဲ့ပါ ILOရဲ့ Governing body အစည်းဝေး အမှီကို တိုးတက်မှုတွေကို တွေ့ရမြင်ရအောင် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်တွေ ဖြစ်ဖို့အတွက်ကို ဖွဲ့စည်းပုံ တစ်ရပ်ဥပဒေ ထဲမှာ အတိအကျဖော်ပြပေးဖို့ အတိအကျလိုက်နာဖို့ လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်း ပေးနိုင်ခွင့်ကိုလည်း ဥပဒေအရ စာတွေနဲ့ ထုတ်ဝေဖြန့်ဝေ၊ အဲ့ဒီတိုးတက်မှုအခြေအနေကို လာမဲ့နိုဝင်ဘာလမှာ  ကျင်းပမဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ  တိတိကျကျ တင်ပြရမှာဖြစ်ပါတယ်။


No comments:

Post a Comment