Thursday, June 9, 2011

ဖားရိုက်ထွက်တဲ့ သားအဖ သုံးယောက်ကို မြန်မာစစ်တပ်က ပစ်ခတ်


၂၀၁၁ခုနှစ် ဇွန်လ(၈)ရက်

ရှမ်းပြည်တောင်ပိုင်း ကွန်းဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲက ဒေသခံ သားအဖ သုံးယောက် ဖားထွက်ရိုက်ရင်း ရွာမှာကင်းလှည့်နေတဲ့ မြန်မာအစိုးရ စစ်တပ်ကတပ်သားက သေနတ်နဲ့ ပစ်လိုက်လို့ အဖေဖြစ်သူ ပွဲချင်းပြီး သေးဆုံးသွားပြီး သား ၂ယောက်က ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ရှင်ကာလိမြို့နယ်ခွဲ ရပ်ကွက် (၆)က အသက်၄၀ ကျော် စိုင်းတိဟာ ဆယ်ကျော်သက် အရွယ်ရှိတဲ့သူ့သား ၂ယောက်နဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညမှာမိုရွာလို့ဆိုပြီး ရွာအရှေ့ဘက်က ရေစပ်တွေမှာ ဖားထွက်ရိုက်ရင်း  ရွာအနီး တစ်ဝိုက်မှာ ကင်းလှည့်နေတဲ့ ကာလိ အခြေစိုက်က ခြေမြန်တပ်ရင်း ခမရ(၂၉၆)က တပ်သားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ သိရပါတယ်။

No comments:

Post a Comment