Friday, June 17, 2011

နည်းမျိုးစုံနဲ့အသိမ်းခံရတဲ့လယ်သမားတွေကိုဘယ်လိုအကာအကွယ်ပေးနိုင်သလဲ


http://www.bbc.co.uk/burmese/interactivity/2011/06/110615_land.shtml

၂၀၁၁ခုနှစ် ဇွန်လ (၁၆)ရက်
ဘီဘီစီ

အခုတလောလယ်ယာမြေတွေကို ရော်ကြေးပေးလို့ဖြစ်စေ မပေးပဲနဲ့ဖြစ်စေ သိမ်းယူလာမှုတွေ တစ်စတစ်စ   များပြားလာမှုတွေကို တွေ့ရပါတယ်။ ဒီလိုသိမ်းယူမှုတွေကြောင့် ဒီလယ်မြေတွေမှာ ထွန်ယက်စိုက်ပျိုးလုပ်ကိုင် နေသူတွေရဲ့ဘ၀တွေလည်း ထိခိုက်ပြစ်စီးခဲ့ကြရပါတယ်။ ဒီတော့သူတို့ကို အကာအကွယ်ဘယ်လိုပေးနိုင်ပါ့မလဲ  သောတရှင်တို့ရဲ့ သဘောထားအမြင်တွေကို မကြာခင်မီးနစ် ပိုင်းအတွင်းမှာ တင်ဆက်မဲ့ လွတ်လပ်အတွေး ဆွေး နွေးမလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေး ကြဖို့ဖိတ်ခေါ်ပါရစေရှင် သောတရှင်တို့ ပါဝင်ဆွေးနွေးလိုလျှင် ဖုန်းနံပါတ် ၄၄၂၀၇၅၅၇၃၂၄၄ ကို တိုက်ရိုက်ဆက်သွယ်ကြပါရှင်


သောတရှင်များခများ အခုတလော လယ်ယာမြေတွေကို ရော်ကြေးပေးလို့ဖြစ်စေ၊ မပေးပဲနဲ့ဖြစ်စေ၊ သိမ်းယူလာ မှုတွေတစ်စတစ်စများပြားလာနေ တာကိုတွေ့ရပါတယ်။ ဒီလိုသိမ်းယူမှုတွေကြောင့် လယ်မြေတွေမှာ ထွန်ယက် စိုက်ပျိုးလုပ်ကိုင် စားသောက်နေတဲ့ သူတွေရဲ့ဘ၀တွေ လည်းထိခိုက်ပြစ်စီးဆုံးရှုံးရပါတယ်။ ဒီတော့သူတို့ကို ဘယ်လိုအကာအကွယ်ပေးနိုင်ပါသလဲ ဒီကေနေ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်ဒီကေနေ့အစီရင်ခံ မြန်မာနိုင်ငံမှာ ဥပဒေ    အတိုင်ပင်ခံ ဦးအောင်သိန်းနဲ့ လယ်မြေသိမ်းခံရမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဦးကျော်မြင့်တို့လည်းပါဝင်ဆွေးနွေးဖို့ ရှိပါတယ်။ ပထမဆုံးလော  လောဆယ်ဆယ် နေပြည်တော်မှာ မန္တလေးကားလမ်း စီမံကိန်းဘက် အိမ်တွေလယ်တွေ အသိမ်းခံရလို့ ဒုက္ခ ရောက်နေတဲ့ လယ်သမားကြီးတစ်ဦး ပြောပြထားတာကို အရင်ဖွင့်ပြချင်ပါတယ်။

နေပြည်တော်အတွင်းမှာ လွန်ခဲ့တဲ့အချိန်ပိုင်းလောက်က စီမံကိန်းထဲမှာ မပါဘူးလေ ရန်ကုန်မန္တလေး ကားကွင်း ကြီးထဲမှာပါလို့တဲ့ ကျွန်မတို့လယ်ယာမြေတွေကော အို့းအိမ်တွေကော ပြီးတော့များတာပေါ့ ကျွန်မတို့မိဘများလုပ် ကိုင်စားနေကြတဲ့ ဒီလယ်ယာမြေထဲမှာ ဧက(၄၀)လောက်ပါတယ်။ တခြားလူတွေတော့ မပြောတတ်ဘူးအများ ကြီးပဲ။

ရော်ကြေးမရဘူးလား။

၁ ဧကကို (၃)သိန်းခွဲနှုန်းတော့ပေးတယ်။ ကျွန်မလည်း အခုဖျက်တုံးသယ်တုံး သူတို့ပြန်ချပေးတာ အများကိုပေး တဲ့နေရာမဟုတ်ဘူး။ ဘာမှလုပ်ကိုင် စားမဖြစ်တဲ့နေရာကိုပေးတာ။ ပြီးတော့ သူတို့ပေးတဲ့နေရာကို ကျွန်မအခု မိုးထဲရေထဲဆိုတော့လေ ဘယ်လိုမှလုပ်စားကိုင်စား မဖြစ်လို့လေ အခုဆွေမျိုးအိမ်ကိုပဲကပ်နေရတာပေါ့။ အစီအစဉ်က ဒီအတွက်ကိုမပေးနိုင်ဘူးတဲ့ အထောက်အကူမရလို့တဲ့  ခလေးကကျောင်းသား (၃)ယောက် (၁၀) တန်းကျောင်းသားကို အခုကျောင်းထုတ်ရမဲ့ပုံစံ ဖြစ်နေတယ်။ ဘယ်ကိုအကူအညီတောင်းရမှန်းလဲမသိဘူး။

ဒါကတော့ ဘယ်ကိုအကူတောင်းရမှန်းမသိတဲ့ အိမ်တွေလယ်တွေ အသိမ်းခံရတဲ့လယ်သမားကြီး တစ်ဦးကပြော ပြခဲ့တာပါ။

အခုကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ လယ်တွေသိမ်းထားခံရတဲ့ ဒေါ်ဘောက်ဂျာလည်း လိုင်းပေါ်မှာ ရှိပါတယ်။ ဒေါ်ဘောက်ဂျာရေ ဒေါ်ဘောက်ဂျာတို့အနေနဲ့ လယ်တွေအသိမ်းခံရတဲ့ကိစ္စ ၂၀၀၇ခုနှစ်က စခဲ့တယ် ဆိုတော့ အခုလောလောဆယ် အခြေအနေဘာတွေဖြစ်နေလဲ နည်းနည်းပြောပြပါခမျာ။

ဒီကိစ္စကခနခနပဲ ကြားဖူးမှာပေါ့နော် ၂၀၀၇ ခုနှစ်တည်းက ဒီယုဇနကုမ္မတီကနေ လယ်ယာမြေသိမ်းဆည်းတာ ဟာအခု ၂၀၁၁ခုနှစ်အထိ သူတို့ရဲ့ကလောပီနမ် စိုက်ပစ်လိုက်တယ် ကျွန်မတို့ရဲ့ လယ်ယာမြေကိုသိမ်းပြီးတော့  အဲ့ဒီတော့ တောင်သူတွေရဲ့ အခြေအနေက တော်တော်ဆိုးရွားနေတယ်။ အခုအချိန်မှာ ကလေးတွေ ကျောင်းမ  နေနိုင်ဘူး။ မိဘတွေကိုယ်တိုင်ကလည်း စားစရာကိုမရှိဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် ဒီတောင်သူတွေရဲ့ ရပိုင်ခွင့်တွေ တရားရုံးကိုရှောက်ထားတယ် တရားရုံးကို ရပိုင်ခွင့်ရှောက်တယ်ဆိုတာက ကျွန်မတို့ (၃)နှစ် (၄)နှစ် မလုပ်စားရတဲ့ နစ်နာကြေးအတွက်ကို ကျွန်မတို့တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီတောင်းဆိုခဲ့တာကို ကချင်ပြည်နယ် တရားရုံးကနေ ဇန်န၀ါရီလ (၇)ရက်နေ့မှာ အမိဖမ်းပေးခဲ့ပါတယ်။ ဒါပေမယ့်မကျေနပ်တဲ့အတွက် ကျွန်မတို့က အယူခံထပ်တက်ပါတယ်။ အခုဇူလိုင်(၂)ရက်နေ့မှာ ထပ်ပြီးတော့ တောင်းဆိုနေတဲ့ အယူခံကို ကချင်ပြည်နယ်ပြန် ရောက်နေပါတယ်။ ပြီးတော့ကျွန်မတို့ တောင်သူတွေက နဂိုမူလတည်းက လယ်ယာမြေပေါ်မှာပဲ လုပ်ကိုင်စား သောက်တဲ့အတွက် ကျွန်မတို့လယ်ယာမြေမရှိတဲ့အတွက်ကြောင့် တောင်သူတွေအရမ်း ဒုက္ခရောက်နေတယ် အဲ့ဒါကြောင့်မိမိရဲ့ လယ်ယာမြေကို ပြန်ရဘို့အတွက်ကို ကချင်ပြည်နယ်ဝန်ကြီးဆီကို လည်းစာတင်ထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဒေါ်ဘောက်ဂျာတို့ပဲအသိမ်းခံရတာလား တခြားနေရာမှာတွေကော စီမံကိန်းအတွက် သိမ်းတာတို့ စစ်တပ်ကသိမ်းတာတို့ရှိလား။

ကျွန်မတို့ကချင်ပြည်နယ်မှာဆိုရင် (၃) ပုံနှစ်ပုံလောက်က အသိမ်းခံရတာတွေများနေတယ် ကျွန်မတို့ ဖားကန့် မြို့နယ်တစ်လျှောက်မှာ ဖားကန့်မြို့နယ်ဆိုတာလမ်းမပေါ့နော် လူ့ဘောင်ချိုင့်ဝှမ်းတစ်လျှောက်မှာ အကုန်လုံးအ သိမ်းခံရတယ်။ ဧက(၂)သိန်းကျော်တောင် အသိမ်းခံခဲ့ရပါတယ်။ လောလောဆယ်ကျွန်မတို့ဖြစ်နေတဲ့ ကျွန်မတို့ တရားစွဲထားတာကတော့ ဖားကန့်မြို့နယ်ဘေးမှာ ကျပြီးတော့(၆)ရွာလောက်ကို ဧက(၂)သောင်းကျော်   လောက်ပဲရှိပါတယ်။ ဧကအများဆုံး ချိုင့်ဝှမ်းထဲမှာ (၂)သိန်းကျော်လောက်ထဲမှာ (၂)သောင်းကျော်လောက်ပဲ ကျွန်မတို့အသိမ်းခံရတာ ဖြစ်ပါတယ်။ အများပိုင်းကကျန်သေးပါတယ်။ တခြားဒေသအသီးသီးမှာလည်း အတည်း အကျပ်အသိမ်းခံရတယ်။ လယ်ယာမြေတွေ၊ ဥယာဉ်ခြံမြေတွေ၊ အဲ့ဒီလိုနည်းမျိုးစုံနဲ့သိမ်းထားခံရပါတယ်။

အခုတဆက်တည်းပဲရှမ်းပြည်နယ် ဘက်ကိုကြည့်လိုက်ရအောင်ဗျာ။ ရှမ်းပြည်နယ်ထဲမှာလဲ ပလောင်လူငယ် မိုင်ပါ လ တို့ဘက်မှာကောဗျ ဟိုဘယ်လိုကြားရသလဲ အဲ့ဒီဘက်မှာ ကောဒီလိုလယ်မြေအသိမ်းခံရတာနဲ့ပက်သက်လို့။

ကျွန်တော်တို့ ပလောင်ဒေသမှာ လယ်ယာမြေသိမ်းမှုက မြို့နယ်တိုင်းလိုလိုမှာ ဖြစ်နေတယ်။ လောလောဆယ် အတိအကျပြောနိုင်တာကတော့ နမ်းခမ်းမြို့နယ် ရွှေလီအားလီးယား သစ်တွေဖောက်တုန်းကဆိုရင် နန်းခမ်းမြို့ နယ်မြောက်ဘက်မှာရှိတဲ့ ရွာမှာဆိုရင် လယ်ယာမြေ ဧက(၂၀၀)ကျော်လောက်  အသိမ်းအဆည်းခံရတယ်။ အဲ့ဒီ မှာဆိုရင် မိသားစု(၇၀)ကျော်လောက် နစ်နာသွားတာပေါ့နော်။ အဲ့ဒီမှာနစ်နာကြေး ရော်ကြေးအနည်း အကျဉ်းရတာတော့ရတယ်။ ဘယ်လိုရသလဲဆိုတော့ သူတိုပကုမ္ပဏီက လျော်ကြေးတော့ပေးတယ် ပေးတယ်ဆို တာက ဧကအလိုက်ပေးတာမျိုးမဟုတ်ဘူး။ မိသားစုတစ်စုကို (၁)သိန်းလိုပုံစံမျိုးပေးတယ်။ သို့ပေမယ့်လည်း သူတို့တွေက လူထုကိုတိုက်ရိုက် ပေးတာမဟုတ်ပဲနဲ့ အာဏာပိုင်စစ်တပ်တွေက တဆင့်ပေးခိုင်းတယ်။ အဲ့ဒီအာဏာပိုင် စစ်သားတွေကတစ်ဆင့် ပေးခိုင်းလိုက်တဲ့အတွက် ပိုက်ဆံကအဲ့ဒီမှာ လည်ပတ်ရှာပတ်ပြီး ကုန် သွားပြီးတော့ တကယ်တမ်းပြည်သူ လူထုဆီရောက်သွားတဲ့အခါ ကျတော့(၄)(၅)ထောင်လောက်ပဲကျန်ပြီး ထောင်ဂဏန်းလောက်ပဲ ရောက်သွားတဲ့ပုံစံဖြစ်နေတယ်။

အဲ့ဒီမှာ အလုပ်လုပ်ကိုင် စားသောက်ဘို့က ဘယ်လိုများ အသက်မွေးလမ်းကြောင်း လုပ်ရပါသလဲ။ ဒီလယ်တွေ အသိမ်းခံရတယ်။ ဒီလဖက်ခြံတွေ အသိမ်းခံရတယ်ဆိုတော့။

အဲ့ဒီမှာ နှစ်မျိုးတော့တွေ့ ရှိရတာပေါ့နော်။ တချို့ကျတော့ တရုတ်ပြည်နဲ့နီးတဲ့အတွက် တရုတ်ပြည်ထဲဝင်ပြီး  တော့ရွေ့ပြောင်းအလုပ်သမား အဖြစ်သွားလုပ်ကြတာရှိတယ်။ တချို့ကြတော့လည်း ကျန်ခဲ့တဲ့ လယ်မြေ လဖက် ခြံတွေအပေါ် မှီခိုပြီးတော့ ဒီလိုပဲရုံးကန်နေကြရတာကိုလည်း တွေ့ရှိရတယ်။

မင်္ဂလာဒုံမြို့နယ်က ရွှေနသံ ကျေးရွာအုပ်စုမှာ လယ်မြေပြဿနာ ဖြစ်နေတဲ့ လယ်သမားကြီးနဲ့ ကျွန်တော် ဖုန်းချိတ်ထားဖို့ရှိပါတယ်။ ဒါပေမယ့်အခုအချိန်အထိ ဆက်သွယ်လို့မရသေးပါဘူး။ စောစောနကလယ်သူမကြီး ဒေါ်တင်စိန်ကိုမေးထားတာ ကိုပြန်ပြီးဖွင့်ပြချင်ပါတယ်။

ဧက(၁၀၀၀)ကျော်တယ်။ တစ်နှစ်ရှိပါပြီ။ အစိုးရအတိုက်အခံမဟုတ်ဘူး။ ကုမ္ပဏီဖြစ်သွားတယ်။ အရင်တုန်းကလယ်သမားတွေ အစိုးရအတိုက်မယ်ထင်လို့ သူတို့က ဆွေးနွေးမိတာပေါ့နော်။ အဲ့ဒီအစိုးရတွေကို ကျွန်မတို့မရောင်းဘူး ဒီလယ်အလုပ်အကိုင်တွေနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေတာ ရောင်းလို့မရဘူး။ အစိုးရမြေဆိုပြီးတော သူတို့ယူလည်းပိတ်မယ် မယူလည်းပိတ်မယ်ဆိုလို့ အဲ့ဒါကိုရောင်းလိုက်ရတယ်။ (၆)နှစ်(၇) နှစ်လောက်လည်းလုပ်စား သွားပေါ့သူက အဲ့ဒီလိုပြောတော့လည်း လယ်သမားတွေ ကစကားကိုအစိုးရပိတ်မလို  လိုဘာလိုလိုနဲ့ အဲ့ဒီလိုခြောက်လှန့်ပြီးတော့ ပိုက်ဆံကိုလက်ခံမိတာ။ နောက်ပိုင်းမှ ကုမ္ပဏီမှန်းသိတယ်။ သိသွား တဲ့အခါကျတော့ ကျွန်မကျန်တဲ့လယ်ပြန်မရောင်းတော့ဘူး။ ဒါနဲ့လာပြီးခြိမ်းခြောက်တယ် လုပ်လို့မရဘူး စိုက်လို့မရဘူး ဆိုပြီးလာခြိမ်းခြောက်တယ်။ ဒါပေမယ့် ဒါကတော့ အစိုးရမြေကိုး။ မြေတွေရှိနေတော့လည်း လယ်သမားတွေ စိုက်ရမှာပဲလေ။ စိုက်ပြီးအလုပ်လုပ်မှ ထမင်းစားရတာကိုး။

လွန်ခဲ့တဲ့ ၁နှစ်လောက်က သူက(၃)သိန်းနဲ့ဝယ်တယ် ၀ယ်ပြီးတော့သူကဆက်ပြီးတော့လုပ်စားပါလို့ပြောတယ်။

လုပ်စားရသေးတယ်။

လယ်ကထွက်တဲ့ဟာတွေ သူ့ကိုပြန်ပေးရသေးလား။

မပေးရဘူး။

အခုဆက်ပြီးလုပ်နေတုန်းပဲလား။

ဟုတ်ကဲ့ အစိုးရချေးငွေ တွေကောဘာတွေကော အကုန်ထုတ်ပေးတယ် မနှစ်က။

သူတို့ကမြေကို ၀ယ်ထားတဲ့ သဘောပေါ့။

ဝယ်ထားတဲ့ သဘောပဲ ဒါပေမယ့် စာချုပ်လည်းအန်တီတို့ဆီမှာမရှိဘူး။ ၀ယ်တယ်ပြောတယ် စာချုပ်လည်း အန်တီတို့မတွေ့ဘူး။ ရောင်းလို့မရဘူး ပြောပြီးသား ဂရုနာကြေးပေးတယ်လို့ တဖက်လှည့်ပြီးတော့ပြောတာ။ အခုလာခြိမ်းခြောက်တယ်။ လာခြိမ်းခြောက်တော့ အန်တီတို့ကလည်း မြေရှိနေတော့လည်း စပါးမှ စိုက်မှထမင်းစားရမယ် ဆိုတော့လုပ်နေတာပဲ။

အဒေါ်ကဘယ်သူ့မှမတိုင်ဘူးလား။

ဒီလိုပဲလာခြိမ်းခြောက်ပြီးတော့ မလုပ်ကဘူးပေါ့နော် လာပြီးတားဆီးတာပေါ့နော်။ သဌေးတွေကလည်း စကား    ပြောတာဂတိမတည်ဘူး  ဆိုတော့ရ၀တရုံးကိုသွားတယ်။ သွားတော့ အုပ်ချုပ်ရေးမှူးနဲ့သွားပြောတာပေါ့။ လယ် သမားတွေ ဒီလယ်ပဲရှိတယ်။ သူတောင်းစား ခွက်ပျောက်နေတယ်ပဲ  သေတာပဲကောင်းတယ်လို့ ဘယ်ဌာန သွား ရမလဲလို့ ညွှန်ပေးလို့ လ၀တ ရုံးကို သွားပြောတယ်။ မနေ့ကလဲ စာတိုက်နဲ့ စာထည့်ပြီးတော့ သမ္မတကနေပြီး ဌာနပေါင်းစုံကို စာတင်ပြီးတော့ သူ့ငွေပြန်အမ်းပေးလို့ အကုန်လုံးကျေနပ်ကြတယ် လယ်သမားတွေ။

အခုလယ်ယာမြေ သိမ်းခံမှုတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းရဲ့ အတွင်းရေးမှုး ဦးကျော်မြင့်လည်း လိုင်းပေါ်မှာရှိနေပြီဆိုတော့ ဦးကျော်မြင့်ရေ ဒီလယ်မြေသိမ်းခံမှုတွေကို ဦးကျော်မြင့်က ဆောင်ရွက်ပေးနေတာ ဆိုတော့ဒီလယ်သိမ်း ခံရတာတွေက ဘယ်လောက်ထိအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလဲခဗျ။

ဗမာပြည်အနှံ့ပဲဗျ။ တိုင်းနဲ့ပြည်နယ် အနှံ့ပဲခမျာ့။ ဧရာဝတီတိုင်းက လက်ပွတ်တာ ခရိုင်အတွင်းမှာပေါ့ အောင်ခိုင် ဆိုတဲ့ကျွန်းအဲ့ဒီမှာပေါ့ အခုမဆလ လက်ထက်ထဲက အဲ့ဒီမှာ ဟိုဒေသပါတီတွေရဲ့ ဒေါ်မြသွင်တို့ အဲ့ဒီလက်ထက် ထဲက ပုဇွန်မွေးမြူရေးကန်ကြီးတွေလုပ်ရင်  ခများတို့  တောင်သူလယ်သမားတွေ ပိုပြီးတော့ဖြစ်ထွန်းမယ်ဆိုပြီး တော့ ဘာညာဆိုပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ ဧက(၈၀၀)ကျော်သိမ်းလိုက်တယ်။

အဲ့ဒီသိမ်းလိုက်တဲ့ ကိစ္စတွေဟာ အဲ့ဒီလုပ်ငန်းတွေလည်း မအောင်မြင်ဘူး။ မဆလ လည်းပြုတ်သွားတဲ့အခါကျ တော့ ဒေါ်မြသွင်လည်း ပျောက်သွားတာပေါ့ဗျာ။ နောက်တပ်မတော်အစိုးရလည်း တက်လာပြီးတော့   အခါကျတော့ အနောက်တောင်တိုင်း စစ်ဌာနချုပ်လယ်မြေလိုလို ပြည်သူပိုင်မွေးမြူရေးခြံဆိုပြီးတော့ အဲ့ဒီလယ် ဧက(၈၀၀)ကျော်ကိုသိမ်းလိုက်တာ။

ဒီလိုပြဿနာတွေက နှစ်ရှည်လများ အမျက်တွယ်နေတဲ့ ပြဿနာဆိုတော့ ဦးကျော်မြင့်တို့ အနေနဲ့ ဘယ်လိုအကူ အညီတွေပေးနေလဲခမျာ။

အဲ့ဒါကကျွန်တော်တို့ လယ်ယာမြေဥပဒေထဲမှာ ကြည့်လိုက်တယ်ဆိုရင် လယ်ယာမြေမှ အပဖြစ်သော လုပ်ငန်း  များကိုလုပ်မယ်ဆိုရင် ပုံစံ(၃၉) ယူရတယ်ခမျာ့၊ အဲ့ဒီပုံစံ(၃၉)မကျဘဲနဲ့ဆိုရင် သူတို့ဒါဟာ လယ်ပဲပြန်လုပ်ရမှာ အဲ့ဒီတော့ လယ်မလုပ်ပဲနဲ့ အခြားလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ပုဂ္ဂလိကတွေကော၊ အခြားအဖွဲ့အစည်းတွေကော ဦးပိုင်တွေကော၊ ဘာတွေကော ညတွေက ဒီစိုက်ပျိုးရေးမှ တပါး အခြားလုပ်ငန်းတွေ လုပ်ပိုင်ခွင့်မရဘူးဗျာ့။ အဲ့ဒါ တွေကလေည်း ကျွန်တော်တို့ (၅၃)ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရကော၊ (၆၃)ခုနှစ် အဓိက ချထားရေး ဥပဒေအရကော၊ အဲ့ဒါတွေအရကို သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူးခမျာ့၊

ဒီနေရာမှာ ဥပဒေအကြောင်းပါနေတာမိုလို့ဦးအောင်သိန်းကိုပဲဆက်ပြီးမေးလိုက်ပါတော့မယ်။ ဦးအောင်သိန်း ခမျာ့  ဥပဒေကြောင်းအရ သိမ်းလို့မရဘူးဆိုတော့ သိမ်းနေကြတာတွေက ဘာ့ကြောင့်လဲ ခမျာ့။

သူတို့မှာ သိမ်းခွင့်လုံးဝမရှိဘူး။ ဘာဖြစ်လို့ သိမ်းခွင့်မရှိဘူးလဲဆိုတော့ ကျွန်တော်ပြောရမယ်ဆိုရင် ဒီ လလ   (၃၉)ဆိုတာ ၁၃၅၃ခုနှစ် ဒီလယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မမှာ ပြဌာန်းထားတာတွေ ရှိတယ်။ အဲ့ဒါက လယ်ယာမြေကို သတ်မှတ်တဲ့ နီးလမ်းအတိုင်း အသုံးချဖို့ပေါ့ဗျာ။ သမ္မတ ကခန့်အပ်တဲ့ အာဏာပိုင်က လိုအပ်တဲ့  ထင်မြင်ယူဆလို့ချင်ရင် မည့်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်ထားတဲ့အတိုင်း အသုံးချရန် ဖွင့်ဆိုနိုင်တယ် လို့ပြဌာန်းထားပါတယ် ခမျာ။

ဒီလယ်ယာမြေနဲ့ဆိုလို့ချင်ရင် ပတ်ဝန်းကျင်နဲ့ လယ်ယာမြေပေါ်မှာ လုပ်ကိုင်နေတဲ့ လုပ်ကိုင်သူရဲ့ထောက်ခံချက် ရှိရမယ်။ ပတ်ဝန်းကျင်ရဲ့ထောက်ခံချက်ရှိရမယ်။ ကျေးရွာရဲ့ထောက်ခံချက်ရှိရမယ်။ မြို့နယ်ခရိုင်ထောက်ခံချက် ရှိရမယ်။ တိုင်းရဲ့ခွင့်ပြုချက်ရမှ ဒီလလ(၃၉)ဆိုတဲ့ဥစ္စာဟာ လယ်ယာမြေကို အခြားနည်းနဲ့အသုံးချဖို့ ဆိုတဲ့ကိစ္စရပ်က ပေါ်ပေါက်တာခမျာ့။ အဲ့ဒီလိုမဟုတ်ပဲနဲ့ အခုလယ်ယာမြေတွေပေါ်မှာ လိုအပ်သလို လုပ်နေတဲ့ ကိစ္စရပ်တွေ၊ ငါးကန်တွေတူးဖော်နေတဲ့ ကိစ္စတွေ၊ စက်ရုံအလုပ်ရုံတွေ ဆောက်နေတဲ့ကိစ္စတွေဟာ လုံးဝတရား မ၀င်ဘူးလို့ ပြောရမှာပါ။

ဒါဆိုရင် ဥပဒေနဲ့မညီတဲ့အလုပ်တွေလုပ်နေတဲ့သဘောလား

မှန်တယ်ဗျာ။ ဥပဒေနဲ့လုံးဝ မညီတဲ့အလုပ်တွေကို နအဖ၊ န၀တ ကနေပြီး ဆက်ပြီးတော့ ပြုလုပ်လာတဲ့ ကိစ္စရပ် တွေဟာ ဒီကနေ့အထိ လုပ်နေဆဲပဲလို့ ကျွန်တော်ပြောရမှာ အဲ့ဒီတော့ ပြည်ထောင်စု အစိုးရလက်ထက်ဖြစ်တဲ့ အခုဦးသိန်းစိန် လက်ထက်မှာ ပြောသင့်ပြောထိုက်တာတွေဟာ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေဟာ အများကြီးအများကြီး ရှိနေတယ်ဆိုတာ ပြောရမှာ ဖြစ်ပါ တယ်။

ဒီတော့ ဒီဥပဒေရဲ့ပြောခွက်၊ ဟာခွက်မရှိဘဲနဲ့ ရှိနေတာကို အသုံးချတာမျိုးမဟုတ်ပဲနဲ့ ဥပဒေအရ တိတိကျကျ တားမြက်ထားတာတွေကို လုပ်နေတာပေါ့ ဆိုလိုတာက။

ဒီနေ့ကျွန်တော်တို့ရဲ့ လယ်ယာမြေ ပြဿနာမှာ ၁၉၅၃ခုနှစ် လယ်ယာမြေ ဥပဒေပေါ်မှာ အခြေခံပြီးတော့ လုပ်နေ တဲ့ကိစ္စရပ်တွေဟာ အများစု ပြဿနာဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဒီတော်လှန်ရေး ကောင်စီအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ (၆၃)ခုနှစ် သီးခြားချထားရေး ဥပဒေကို အစီရင်ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေရှိတယ်။ အဲ့ဒီကိစ္စနဲ့ စီရင်ဆောင်ရွက်တဲ့ကိစ္စ ရပ်တွေကို ကျွန်တော်တို့ ပြီးသလောက်ပြောရမယ်ဆိုရင်တော့ တရားရုံးတွေမှာ (၅၃)ခု နှစ် လယ်မြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပုဒ်မ (၄၆)အရဆောင်ရွက်တာတွေ ရှိတယ်။ အဲ့ဒီမှာက ဘာလဲဆိုတော့  လုပ်ပိုင်ခွင့်ရပြီး လက်ရှိရှိထားတဲ့ လယ်ယာမြေတွေကို ရောင်းဝယ်တာ၊ ပေါင်နှံတာ၊ခွဲစိတ်တာ အခြာနည်းလမ်း အရ လွှဲပြောင်းတာ မလုပ်ရဘူးလို့ ၁၉၆၃ ခုနှစ် သီးသန့်ချထားရေး ဥပဒေ ပုဒ်မ(၁၀)  တရားစွဲဆိုထားတာတွေ ရှိတယ်ဗျ။ အဲ့ဒါတွေအပြင်ကို (၆၃)ခုနှစ် သီးသန့်ချထားရေးဥပဒေ ပုဒ်မ(၁၂)နဲပဲ တရားစွဲထားတဲ့ တရားရုံးတွေကို ယခင်ကရှိခဲ့ဖူးတယ်ခမျာ့။ ယခုကျွန်တော်တို့က ဖွဲ့စည်းပုံအသစ် ပေါ်ပေါက်နေတဲ့ အနေထားပေါ်မှာ လယ်ယာမြေ နဲ့ပက်သက်ပြီးတော့ လက်ရှိအစိုးရသစ်က တိတိကျကျ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ တွေကို မရှိတဲ့အတွက်ကြောင့်၊ ဒီလယ်ယာမြေတွေကိစ္စတွေနဲ့ ပက်သက်တဲ့ဟာကို ပြောရမယ်ဆိုရင် ဒီ န၀တ၊ နအဖ စစ်တပ်ကနေ အကျိုးပြုလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကနေပြီးတော့ အခွင့်အလမ်းတွေ အဲ့ဒီအခွင့် ရေးပေါ်မှာ သူတို့ရရှိတဲ့ လယ်ယာမြေတွေကို အသုံးချပြီးတော့ ပုံစံမျိုးစုံနဲ့ လုပ်နေတယ်။

ဟုတ်ကဲ့ပါဒီနေရာမှာခနဖြတ်လိုက်ချင်ပါတယ်။ ဒီသောတရှင်ထဲက ဒီမောင်သသလည်း လိုင်းပေါ်မှာရှိပါတယ် ။ မောင်တသသအနေနဲ့ကော ဥပဒေပြင်ပကနေပြီးတော့ ဒီလယ်တွေသိမ်းနေတဲ့ ကိစ္စမျိုးတွေကို ကျွန်တော်တို့ လယ်သမားတွေဘက်က လယ်သမားတွေကို ဘယ်လိုအကာအကွယ်ပေးနိုင်မလဲလို့ ထင်လည်းခမျာ့။

ကျွန်တော်တို့ထင်မြင်ယူဆ ချက်ကတော့ နာဂစ်အခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကလဲ ပြီးဆုံးခဲ့ပါပြီ  အဲ့ဒီမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ ဥပဒေပြုကိုယ်စားလှယ်တွေ၊ ရွေးချယ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဒီလွှတ်တော် ကိုယ်စားလှယ်တွေ ၊ ဥပဒေပြုကိုယ်စားလှယ်တွေမှာ အဓိက တာဝန်ရှိပါတယ်ခများ။
လယ်ယာမြေတွေ(၆၂)ခုနှစ်တည်းကနေ စပြီးတော့ အသိမ်းခံခဲ့ရတာ ဒီကနေ့အထိ လယ်သမားတွေဟာ တော်တော်လေးကို ဒုက္ခရောက်ခဲ့ ကြပါတယ်။ ဒီကိစ္စတွေအားလုံးသည် အဓိကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တိုင်း ပြည်နဲ့ပြည်သူတွေရဲ့ အကျိုးတွေကို သယ်ပိုးမဲ့ခံယူထားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ အဓိကတာဝန် ရှိတယ်ခများ။နော်တစ်ချက်က ကျွန်တော်တို့မှာ စီးပွားရေးရောက်နေတဲ့ အဖွဲ့အစည်းတွေ ၊မြန်မာနိုင်ငံသား တွေအားလုံးမှာ လည်းတာဝန်ရှိတပါတယ်။ အဓိကကတော့ ဒီလိုခေတ်သစ် ကိုလိုနီ ချစ်ကြီးတွေ လက်ထက်မှာ  ဖြစ်နေတဲ့ကိစ္စတွေကြောင့် ပေါ်ထွက်လာတဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ နိုင်ငံတွေ၊ ကုမ္မဏီတွေကို ကျွန်တော် တို့ပြည်ပရောက်နေတဲ့ အဖွဲ့အစည်းတွေအသီးသီးကနေ အားလုံးဝိုင်းဝန်းပြီးတော့ ကန့်ကွက်ဆန္ဒပြရပါမယ်ခမျာ့။ သို့မှသာလျှင် ကျွန်တော်တို့လယ်သမားတွေကို ပိုပြီးအကာအကွယ်တွေပေးနိုင်လိမ့်မယ်။

အခုမြန်မာနိုင်ငံအတွင်ုးမတူကွဲပြားခြင်းနှင့် ညှိနှိုင်းရေး ဥက္ကဠ ဦးနေမျိုးဝေ လိုင်းပေါ်မှာရှိပါတယ်။ ဦးနေမျိုးဝေ ဒီယာမြေဥပဒေတွေ ပြင်ဆင်ဘို့ဆိုပြီးတော့ ဒီစာတွေရေးသားနေတာကို တွေ့ရပါတယ်။ ဒီဥပဒေကြောင်းအရပေါ့ လေအကာအကွယ်ပေးနိုင်မယ် အခြားးဘယ်လိုနည်းတွေနဲ့လည်း လယ်သမားတွေကို အကာအကွယ်ပေးနိုင်ပါ သလဲလို့ ယူဆပါသလဲ ခမျာ့။

နှစ်ပိုင်းတော့ရှိပါတယ်။ ဥပဒေကြောင်းအရ ကာကွယ်နိုင်တာ ပုဂ္ဂလိကအခွင့်အရေးတွေအဖြစ် အသိမ်းမခံရဘို့ ကာ ကွယ်နိုင်ပါတယ်။ အဲ့ဒါကတော့ ၁၉၅၃ခုနှစ် ၆၃နဲ့အညိညှိလိုက်ရင် နိုင်ငံတော်က သိမ်းတာကလွဲလို့ နိုင်ငံတော်ပိုင်လုပ်ငန်းတွေပေါ်ပေါက်တာကလွဲလို့ ပုဂ္ဂလိကလုပ်ငန်းပိုင်တွေ အစားပေါ်ပေါက်တာမဖြစ်နိုင်ဘူးလား အဲ့ဒါကတော့ ဥပဒေကြောင်းနဲ့ ကာကွယ်နိုင်တာတစ်ခု နောက်တခုကတော့ တစ်ကယ် နိုင်ငံတိုင်းမှာကြည့်လိုက်ရင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် မလွှဲသာမရှောင် လယ်ယာမြေတွေပေါ်မှာဘဲ အခြေပြုစက်ရုံ၊ အလုပ်ရုံတွေ တည်ထောင် ရတာဖြစ်တယ်။ အဲ့လိုရှိလာတဲ့အချိန် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိမ်းဖို့လိုအပ်လာတဲ့အခါ မျိုးမှာ နိုင်ငံတစ်နိုင် လုံးအကျိုးကို ရှေးရှု့တဲ့အနေနဲ့ လယ်သမား မိသားစု ဒီလယ်ယာ မြေဆက်မလုပ်ရတာတွေဖြစ်လာနိုင်တယ် အဲ့ဒီဖြစ်လာနိုင်ရင်တော့ ဒီလယ်သမားတွေကို ထိုက်ထိုက် တန်တန်လျှော်ကြေး ပေးဖို့လို အပ်ပါတယ်။ နိုင်ငံတနိုင်ငံလုံး ဖွံဖြိုးဖို့ ကိစ္စကြီးဖြစ်တဲ့ အတွက်မိသားစုတွေ ၇၀တစု လောက်ကနေပြီးတော့ သူတို့ပဲအနစ်နာခံနေမယ်ဆိုရင်ကတော့ တရားမျှတမှု မရှိပါဘူး။ တနိုင်ငံလုံးရဲ့ အခွန် အထုတ်တွေနဲ့ ဒီမိသားစုတွေရဲ့ ဘ၀အခြေအနေတွေ ပြန်လည်ပြီးတော့ အသစ်စတင်နိုင်အောင် လုံလုံလောက် လောက် အလုပ်အကိုင် နေရာတွေချထားပြီး ငွေကြေးထောက်ပံ့ပေးတာ မျိုးလုပ်မယ်ဆိုရင် တော့ဒါဖြစ်နိုင်ပါတယ်ဗျာ။

ဦးသိန်းသန်းဥိးအနေနဲ့ကော ဒီမြေသိမ်းခံရတဲ့ လယ်သမားတွေကို ဘယ်လိုနည်းတွေနဲ့ အကာအကွယ်ပေး နိုင် မယ်လို့ယူဆပါသလဲ။

ဒါတော့လယ်သမားတွေကို ကာကွယ်စောက်ရှောက်တဲ့ ဥပဒေ နဂိုကလဲတည်ရှိပြီးသားဖြစ်ပါတယ်။ ဥပမာ ၁၉၆၃ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်စောက်ရှောက်တဲ့ ဥပဒေ အခြားဥပဒေ တွေရှိတဲ့ အပြင် လယ်သမားတွေရဲ့ အခုကျွန်တော်တို့က ၂၀၁၀ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်နေတဲ့ အခွင့်အရေးတွေကို သုံးပြီးတော့ လယ်သမား သမဂ္ဂတွေ  လယ်သမားတွေရဲ့ အခွင့်အရေးကို ရသင့်ရထိုက်တဲ့အခွင့်ရေးတွေကို တရားရုံးတွေမှာ တောင်းဆိုဘို့လိုပါတယ်။ တရားဥပဒေအရ ခွင့်ပြုထားတယ် ပြည်ထောင်စုတရားမှာရှိတဲ စာချွန် တော်အပါအ၀င်ပေါ့ဗျာ တရားဥပဒေကြောင်းအရ သုံးစွဲနိုင်တဲ့အခွင့်လမ်းမှန်သမျှကို သုံးစွဲပြီးတော့ ကာကွယ်နိုင် ဘို့လိုအပ်ပါတယ်အခများ။

အခုကိုမောင်မောင်လွင်အနေနဲ့ကော နည်းနည်းဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးစေချင်ပါတယ်။

ဒီနေ့မြန်မာပြည်မှာပေါ့နော် လယ်သမားတွေရဲ့လယ်ယာတွေ အတင်းအဓမ္မ သိမ်းပြီးတော့ ကျွန်တော်တို့ အထူးစီမံကိန်းတွေ ဖော်ဆောင်မယ်ဆိုပါက ကျွန်တော်သိသလောက် ဆိုရင်တော့ ဒါက စစ်အစိုးရနဲ့ လက်ရှိအစိုး ရမှာ အထူးစီမံကိန်းများအဖွဲ့ရှိတယ်။ အဲ့ဒီအဖွဲ့ကနေပြီးတော့ ချထားပေးထားတဲ့ မူအတိုင်းကို လုပ်နေကြတာ အဲ့ဒီတော့ အဓိကက ကျွန်တော်တို့ ဒီလိုလုပ်တဲ့နေရာမှာ  ကျူးကျော်တဲ့ကုမ္ပဏီကြီးတွေ၊ စစ်တပ်ရင်းတပ်ဖွဲ့တွေ အကုန်လုံးကလေဲ  လက်ရှိအစိုးရရဲ့ အကာအကွယ်အောက်မှာပဲ တရားဥပဒေရဲ့အကာအကွယ် အောက်မှာပဲ ထိန်းချုပ်ထားတယ် အဲ့ဒီတော့ ကျွန်တော်အနေနဲ့  အခုလက်ရှိ မြန်မာပြည်မှာ လယ်ယာမြေကို ကျယ်ကျယ်ပြန့်  ပြန့်သိမ်းဆည်းတဲ့ကိစ္စက ကိုလိုနီခေတ်က ဒုတိယအရေးတော်ပုံမျိုး တော်တော်လေးကို ခန့်မှန်းပြီးကြည့်ပါတယ်ခများ။ လယ်သမားဆိုတာ လယ်မြေမရှိရင် ဘာမှလုပ်စားလို့မရဘူး။ အဲ့ဒီတော့ ကိုလိုနီခေတ်တုန်းကလို အရေးတော်ပုံတုန်းကလဲ လယ်သမားတွေက လယ်ယာမြေတွေအသိမ်းခံရတာပဲ။

ဦးအောင်သိန်းကို ကျွန်တော်မေးချင်ပါတယ်။ ဦးအောင်သိန်းစောစောက ပြောခဲ့သလို လွှတ်တော်ထဲကနေ ဥပဒေ တွေပြင်ရမယ်လို့ပြောတယ် အဲ့ဒါတွေပြင်ဆင်ဘို့ ဘယ်လောက်ထိအောင် အရေးတကြီးလိုအပ်သလဲလို့ထင်ပါ သလဲ။

လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ပြီးတော့ လုပ်သင့်တဲ့ ကိစ္စရပ်တွေပါ ဒီလယ်ယာမြေနဲ့ပတ်သက်ပြီးတော့  ကွန်တော်တို့တွေက ၁၉၅၃ ခုနှစ်လယ်ယာမြေ နိုင်ငံပိုင် ဥပဒေကိုလည်းသုံးခဲ့တယ်။ ၆၁ ခုနှစ်သိမ်းပြီးတော့ ၆၃ ခုနှစ် သီးခြားချထားရေး ဥပဒေကို လည်းသုံးခဲ့တယ် ဒီလယ်ယာမြေနဲ့ ပက်သက်ပြီးတော့  ဒီဘက်ခေတ်မှာ ကြီးပွားချမ်းသာ လာတဲ့လုပ်ငန်း ရှင်တွေကို လယ်ယာမြေတွေအချို့ ကိုအသိမ်းခံပြီးတော့ အစိုးရရဲ့လုပ်ငန်းလည်း မဟုတ် ပုဂ္ဂိကလုပ်ငန်းရဲ့ ဖွင့်ပေးထားတဲ့ ကိစ္စတွေကတော့ ပြည်သူ့လွှတ်တော်မှာ ကျယ် ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ ပြုပြင်ပြောင်းလဲ လုပ်သင့်တာတွေ အများဆုံးလုပ်ဖို့ လိုအပ်နေပါတယ်။

No comments:

Post a Comment