Monday, June 27, 2011

FTUB ကိုယ်စားလှယ်အဖွဲ့ မှ ILO နှစ် ၁၀၀ ကြိမ်မြောက် ညီလာခံ နှင့်ပတ်သက်၍ အဖွဲ့ဝင်များကို ပြန်လည်ရှင်းလင်းတင်ပြ


၂၀၁၁ ခုနှစ် ဇွန် ၂၆ ရက်
အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ရှင်းလင်းပြောကြားစဉ်
           







ဇွန်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သော အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား 
အဖွဲ့ချုပ်ကြီး၏  နှစ် ၁၀၀ ကြိမ်မြောက် ညီလာခံ သို့တက်ရောက်ခဲ့သော 
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB ကိုယ်စားလှယ်အဖွဲ့သည် 
FTUB အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ဒေသဆိုင်ရာ အတွင်းရေးမှူးများနှင့် 
အဖွဲ့ဝင်များကို အိုင်အယ်လ်အို ညီလာခံ  နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပွဲ တခု 
ယနေ့နံနက် ၁၀ နာရီ တွင် ပြုလုပ်ခဲ့ပါသည်။
            FTUB အနေဖြင့် အိုင်အယ်လ်အို ညီလာခံကို အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော 
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ITUC ၏ အဖွဲ့ဝင်အနေဖြင့် တက်ရောက်ခဲ့ကြောင်း၊မြန်မာနိုင်ငံမှ 
အဓမ္မလုပ်အားခိုင်းစေမှု အိုင်အယ်လ်အို ပြဌာန်းချက် အမှတ် ၂၉ (Convention 29) နှင့် 
လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် အိုင်အယ်လ်အို ပြဌာန်းချက် အမှတ် ၈၇ (Convention 87) 
ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နှင့်ပတ်သက်၍ 
စုံစမ်းစစ်ဆေးရေးကော်မရှင်တခုဖွဲ့ပေးဖို့တောင်းဆိုခဲ့ရာ အိုင်အယ်လ်အိုမှပြဌာန်းချက်အမှတ်၈၇နှင့်
ပတ်သက်၍မြန်မာအစိုးရသစ်၏ လုပ်ဆောင်ချက်များကိုနိုဝင်ဘာလအထိ
စောင့်ကြည့်မည်ဖြစ်ပြီးလိုအပ်သလို  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  
ညီလာခံအတွင်း မြန်မာအစိုးရကိုယ်စားလှယ်နှင့် အလုပ်ရှင်အဖွဲ့၊ အလုပ်သမားအဖွဲ့ 
အပြန်အလှန်ဆွေးနွေးချက်များ (Interventions) နှင့် အိုင်အယ်လ်အိုဆုံးဖြတ်ချက်များ 
(conclusions) ကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် FTUB အနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့်
လုပ်ငန်းများကို ဆွေးနွေးပြီး အခန်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
            အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီး၏ နှစ် ၁၀၀ ကြိမ်မြောက်ညီလာခံကို FTUB မှ 
ဒုဥက္ကဋ္ဌ ဦးသန်းလွင်၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်နှင့် ဒေသဆိုင်ရာအတွင်းရေးမှူး 
ဦးဇာနည်သွေး တို့ တက်ရောက်ခဲ့ပါသည်။






No comments:

Post a Comment