Monday, June 13, 2011

မြန်မာအလုပ်သမား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့


၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်
တနင်္လာနေ့ နံနက်ပိုင်းအစီအစဉ်
RFA
ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ထိုင်းရဲတွေရဲ့ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့တဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို ထိုင်းအာဏာပိုင်တွေက စနေနေ့က မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။ စာရွက်စာတမ်းမပြည့်စုံ ဘဲ နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ ချုပ်ရက် (၂) ရက်အပါအ၀င် စုစုပေါင်း ၅၂ ရက် အကျဉ်းကျခံခဲ့ရပြီး သူတို့ကို အချုပ်ကားတွေနဲ့ မြန်မာနိုင်ငံ မြ၀တီမြို့ကို ပြန်ပို့လိုက်တာဖြစ်တယ်လို့ ထိန်းသိမ်းခံခဲ့ရသူ တဦးဖြစ်တဲ့ မစုမွန်က RFA ကို ပြောပါတယ်။
တော်မောင်းရုံးကို ကားအကြီးကြီးနဲ့ လူ ၄၀၀ လောက်ရှိတယ်။ ၁၀ နာရီကနေ ထွက်လာတာ ဒီကို ၆ နာရီရောက် တယ်။ မဲဆောက် တော်မောင်းရုံးကို ရောက်လာတာ။ တော်မောင်းရုံးနေ မြန်မာပြည်ကို ၈ နာရီလောက် အချုပ်ကားနဲ့ ပြန်ပို့တယ်။ ဒီဘက်က ဒီကေဘီအေနဲ့ ဟိုဟာနဲ့ ညှိထားလားမသိဘူး။ လူတွေကို ၀ယ်လိုက်တဲ့သဘော။ သမီးတို့ဆီက ပုလိပ်တွေက ပိုက်ဆံမတောင်းဘူး။ ဒီဘက်က လူတွေက သမီးတို့ကို ၂၅၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ ပေါက်ဈေးက ၂၅၀၀ တဲ့ နင်တို့ကို လျှော့ပေးလို့ ၂၂၀၀ တဲ့။ ဒီက လူစုတဲ့သူတွေပေါ့။
ဘန်ကောက်မြို့လယ်က ရှမ်းတရုတ်ပိုင် အိမ်အထည်ချုပ် စက်ရုံ ၃ ရုံမှာ တခါးပိတ်ပြီး နေ့ရော ညပါ အလုပ်ခိုင်းခံရတဲ့ မြန်မာအလုပ်သမား ၃၉ ဦးကို ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ၀င်တွေက ပြီးခဲ့တဲ့လ ဧပြီ ၁၉ ရက်နေ့တုန်းက စက်ရုံအတွင်း ၀င်ရောက်ခဲ့ပြီး ကယ်တင်ခဲ့တာဖြစ်ပါတယ်။ ရဲစခန်းက သူတို့တွေကို စစ်ဆေး မေးမြန်းပြီး အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၈ ဦးကို စာရွက်စာတမ်းမပြည့်စုံဘဲ နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုနဲ့ ထောင်ဒဏ် ၄၅ ရက်ချမှတ်ခဲ့တာလို့ မစုမွန်က ပြောပါတယ်။
ကယ်ရီက ဘယ်လိုခေါ်လဲ၊ ဘယ်လိုမျိုးပို့တာလဲ၊ သူဌေးကဘဲ ဆင်းခေါ်တာလား၊ အဲဒိလိုမျိုးတွေမေးတယ်။ နောက်ပြီးတော့ သူတို့ရုံးကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ထမင်းတွေဘာတွေကျွေး ၊ တယောက်ချင်းစီမေးတယ်။ သူဌေးက ဘယ်လိုခိုင်းတာလဲ၊ ထမင်းမကျွေးပါဘူး။ ရိုက်နှက်ပြီးခိုင်းပါတယ်၊ အိမ်တံခါးလည်း သော့ပိတ်ထားတယ်၊ အဲဒိလိုဖြေကြတယ်။ သူဌေးကို တရားပြန်ဆွဲတဲ့သူတွေက ဖြေကြတယ်။ သမီးတို့က သိမှမသိတာ၊ ရောက်တာမကြာသေးဘူး။ရိုက်တော့မရိုက်ဘူး၊ လစာက ၃ ထောင်ရတယ်လို့၊ ပိုက်ဆံတော့ပေးမကိုင်ဘူး။ အိမ်က သော့ပိတ်ထားတယ်။ အဲဒါကို သူတို့က လူစုခွဲလိုက်တယ်။ အမှန်မှာတော့ သူဌေးမဘက်က နေလိုက်ပြီးတော့ ပြောတာမဟုတ်ဘူး၊ ကိုယ့်ဘာသာဖြစ်တာကိုပြောတာ၊ သူတို့ က သူဌေးမဘက်က လိုက်ပြောတယ်ထင်ပြီးတော့ ထောင်ချလိုက်တယ်။
အဲဒိ အထည်ချုပ်စက်ရုံ ၃ ရုံမှာလုပ်ခဲ့တဲ့ မြန်မာအလုပ်သမားတွေကို လုပ်ငန်းရှင်က လူကယ်ရီကနေတဆင့် ၁၂၀၀၀ ကနေ ၁၄၀၀၀ အထိ အကုန်ကျခံပြီးခေါ်ယူခဲ့တာလို့ သိရပါတယ်။ လုပ်ငန်းရှင်က စ၇ိတ်ကျေတဲ့အထိ မနားမနေ ခိုင်းစေခဲ့ပြီး လုပ်အားခ အဆမတန် နည်းပါးတဲ့အတွက် ငွေကြေရင် ဘယ်မှ ထွက်မသွားနိုင်အောင် စက်ရုံထဲ ပိတ်လှောင်ခိုင်းစေခဲ့ကြောင်း အလုပ်သမားအချို့က ထိုင်းရဲဆီမှာ အစစ်ဆေးခံခဲ့ပါတယ်။

No comments:

Post a Comment