Monday, June 13, 2011

ပေါ်တာထမ်းသမားအဖြစ်အပို့ခံရတဲ့ အကျဉ်းသမား



၂၀၁၁ခုနှစ် ဇွန်လ (၁၃)ရက်
ဘီဘီစီ

တိုက်ပွဲတွေဖြစ်နေတဲ့နယ်စပ်က  ရှေ့တန်းစစ်မျက်နှာတွေကို ပေါ်တာထမ်းဖို့ဆိုပြီးတော့ အကျဉ်းထောင်အ သီးသီးက ရာဇ၀ဏ် အကျဉ်းသားတွေကို အကျဉ်းဦးစီးဌာနက လျှော့ရက်တ၀က် ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နှစ်ကေုန်ပိုင်းက ရှေ့တန်းပို့ခဲ့ပါတယ် အခုဆိုရင် လျှော့ရက်နဲ့လွှတ်ရမှာ ဖြစ်ပေမယ့် အကျဉ်းသားတွေ ရှေ့တန်း မှာဆက်ထားနေလို့ ပြေးတဲ့သူကပြေး မပြေးတဲ့သူတွေက ဒုက္ခခံနေရပါတယ်။ ဒီအကြောင်းကို မွန်ပြည်နယ်က ရှေ့တန်းစခန်းတစ်ခုမှာရောက်နေတဲ့ ပေါ်တာအကျဉ်းသား တစ်ယောက်ကို ဘီဘီစီ အသင်းထောက် ကိုနေလင်း ကမေးမြန်းပြီး အခုလိုသတင်း ပေးပို့ထားပါတယ်။

ကရင်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာနား မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က ပိန်းနဲတောစခန်းမှာ ရောက်နေကြတဲ့ ပေါ်တာထမ်းသမားအဖြစ်အပို့ခံရတဲ့ အကျဉ်းသမား တချို့ဟာ လွှတ်ရက်စေ့ပေမယ့် လွှတ်မ  ပေးလို့မကျေမနပ် ဖြစ်သူဖြစ် ထွက်ပြေးတဲ့သူပြေးနဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီထဲက တစ်ယောက်ဖြစ်တဲ့ ဖျာပုံထောင်ကနေ ရှေ့တန်းအပို့ခံရတဲ့ ကိုလမင်းသိန်းဟာ လွှတ်ရက်နဲ့ဆို နှစ်ဆန်းပိုင်းက လွှတ်ရက်စေ့ပေမယ့် လွှတ်မပေးသေးလို့ ရှေ့တန်းမှာ သောင်တင်နေရတဲ့အကြာင်းနဲ့  ဘဝတူတွေထွက်ပြေး နေရတဲ့အကြောင်းကို ကိုလမင်းသိန်းက အခုလိုပြောပြပါတယ်။

ကျွန်တော်တို့ကို သထုံထောင်ကို ပို့လည်းပို့ပြီးကော  တအောက်လောက်နေကြတော့ တပ်ကလာခေါ်ပြိးတော့ စစ်စီရေးနယ်တွေမှာ စစ်ပေါ်တာထမ်းမိတာပဲ စစ်ပေါ်တာတွေလိုက်လို့ ချင်ရင်ကိုယ်ဖြစ်တဲ့ တစ်ဝတ်လျှော့ပေး မယ် စောစီးပြန်လွှတ်မယ် ဘာညာပြောပြီးလွှတ်လိုက်တာပဲ  အားလုံးပေါင်း ဧရာဝတီထောင်က လွှတ်လိုက်တာ  အယောက် ၂၀၀ ကျော်နီးပါးလောက်ရှိတယ်။် ကျွန်တော်တို့ထောင်က ထုတ်တာ လူအယောက် ၂၅ ယောက် လောက်ပဲရှိတယ်။ အခုငါးယောက်ပဲရှိတယ် ကျန်တဲ့သူတွေက တော့ပြေးရင်းလွှားရင်းနဲ့ပဲ ဘယ်လိုတွေဖြစ်ကုန် လဲတော့မသိတော့ဘူးနော် ထွက်ပြေးကြတာခမျာ့ အလုပ်ဒက်ကိုမခံနိုင်ကြလို့  ပထမတော့ ရဲဘော်တွေနဲ့ အတူ တူစစ်မြေပြင်မှာ လျှောက်သွားနေကြတာ သူတို့ရဲ့ပစ္စည်းဘာညာတွေ အကုန်ထမ်းရတာ စစ်မြေပြင်မှာလည်း ပြေးရင်းနဲ့ တိုက်ပွဲ တွေဖြစ်ရင်လည်း ကြားထဲကသေမယ် အဲ့ဒီပုံစံတွေဖြစ်နေပြီဗျ။ လွတ်အောင်ပြေးဖို့ဆိုရင် လည်းမလွယ်ဘူးဗျ။

တစ်ချို့လဲ လွတ်သွားတဲ့သူတွေရှိပေမယ့် တချို့ကရှေ့တန်းမှာ သေဆုံးသူတွေရှိတယ်လို့ ပြောပါတယ် သူ့အနေ နဲ့ လွှတ်လက်မှတ်မပါပဲ ပြန်ပြန်ရင်လည်း အမိန့်မရဘဲပြန်ပြေးတယ်ဆိုပြီး အမှုထပ်တိုးမှာဆိုးလို့ ကြိတ်မှိတ် နေရ တဲ့အကြောင်းနဲ့ ဘယ်သူ့ကိုအကူအညီ တောင်းရမလဲ တွယ်ရာမဲ့ဖြစ်နေတဲ့ အခြေအနေကို ကိုလမင်းသိန်းက  ဆက်ပြောပါတယ်။

အကျဉ်းဦးစီးဌာနကနေပြီးတော့ ဘယ်အကျဉ်းသားက ဘယ်ရက်ဘယ်နေ့ လွှတ်မယ်ဘယ်သူဘယ်ဝါ လွှတ်မယ်ဆိုပြိးတော့ ကွန်တော်တို့ကို အကြောင်းအမျိုးမျိုးနဲ့ ဆက်သွယ်မှုလုပ်စေချင်တယ် လုပ်ကိုင်နေရတဲ့အလုပ်   တွေကအသက် အန္တရာယ်နဲ့နီးနေတဲ့ အလုပ်အကိုတွေဖြစ်တယ် ကွန်တော်တို့ချထား တဲ့အလုပ်တွေက ထောင်ဒဏ်တွေပဲ ရိုးရိုးထောင်ဒဏ်တွေပဲဗျ။ အထက်ကလူကြီးတွေက သေဒဏ်တွေ ကိုလျှော့ ရက်တွေပေးတယ်။ ကျွန်တော်တို့လို လူတွေကြတော့ သေမယ့်ဘေးမှာ လာလုပ်နေကြရတယ်။ နားလည်မှုတွေ လွဲပြီး ကျွန်တော်တို့မှာ ဒုက္ခတွေရောက်နေရတယ်။

No comments:

Post a Comment