Tuesday, June 28, 2011

ထားဝယ်ဆိပ်ကမ်း စီမံကိန်းမှာ မြှုပ်နှံဖို့PTT တွန့်ဆုတ်နေ


2011-06-27
မြန်မာနိုင်ငံထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ထိုင်းနိုင်ငံရဲ့ 
အဓိကရ စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ PTT ရေနံကုမ္ပဏီဟာ တုံ့ဆိုင်းနေပါတယ်။
ထားဝယ်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မက်လုံးတွေ ရှင်းရှင်းလင်းလင်း 
မရှိသေးတဲ့အပြင် လုံခြုံရေး ကိစ္စ တွေမှာလည်း စိုးရိမ်စရာတွေ ရှိနေတယ်လို့ 
PTT ရေနံကုမ္ပဏီရဲ့ အကြံပေး မစ္စတာ ချိုင်နွီုင်းက ပြောပါတယ်။ ထိုင်းအစိုးရ အနေနဲ့ 
ထားဝယ်မှာ ရင်းနှီးးမြှုပ်နှံမှုတွေ မလုပ်ခင် လုံခြုံရေး ကိစ္စကို စိတ်ချသေချာ အောင် 
လုပ်ထားသင့်တယ် လို့လည်း ဆိုပါတယ်။

No comments:

Post a Comment