Monday, June 27, 2011

ဆည်ကျိုးသောကြောင့် ပျက်စီးစပါးများ အစားထိုးပြန်မစိုက်နိုင်


Published on June 27, 2011
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ မိုးတွေ အဆက်မပြတ် ရွာသွန်းလို့ မျိုးစပါးခင်းတွေ ပျက်စီးခဲ့ပြီး 
အခုထိ စပါးပင်တွေ အစားထိုး ပြန်မစိုက်နိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ မိုးတွေ သည်းထန်စွာ 
ရွာသွန်းခဲ့တဲ့အတွက် တာတမံတွေ ကျိုးပေါက်ပြီး လယ်ထဲကို ရေငန်တွေ စိမ့်ဝင်သွားခဲ့ပါတယ်။
မြေပုံမြို့နယ်ထဲက ငမန်းရိပ်၊ ညောင်တုန်း၊ ကြက်ရေကျွန်း၊ တံတာဦး သင်းကနက်နဲ့ ပြင်ဖြူချောင်းရွာက 
ရွာသားတွေရဲက စပါးခင်း စုစုပေါင်း ဧက ၅၀ လောက် ဆုံးရှုံးသွားပါတယ်။

No comments:

Post a Comment