Thursday, June 23, 2011

ကော့မှူး လယ်သူမ၏လယ်မြေ ဖျက်ဆီးခံရ

 
Published on June 22, 2011 by နော်နိုရင်း   

“ခလရ ၇၀ ဘက်က ကျူးကျော်ဖျက်ဆီးတာကျတော့ တရားစွဲလို့ မရဘူးဒေါ်နန်းရွှေတို့ လက်ရှိလက်ငုတ် လုပ်နေတဲ့လူကိုတော့ တခါ တရားရုံးကနေပြီးတော့ တရားစွဲတာကို လက်ခံထားတယ်။ အခု ဒေါ်နန်းရွှေကို ၅ လပိုင်း ၂၀-၂၁ ရက်က ထွန်ယက်ပြီးတော့ ကြဲထားတဲ့ကိစ္စကို တပ်ကနေပြီးတော့ ပုဒ်မ ၄၄၇ နဲ့ တခါ တရားစွဲတယ်။ ပထမလည်း တရားစွဲထားတယ်။ အမှန်က ဒီလယ်မြေအပေါ်မှာ မူလကတည်းက ဒေါ်နန်းရွှေတို့က လက်ရှိနေထိုင်ခဲ့တာ။ အဲဒါကို တရားရုံးက လက်ခံပြီးတော့ စစ်ဆေးနေတယ်။ ခလရ ၇၀ ဘက်က ကျူးကျော်ပြီးတော့ ဒေါ်နန်းရွှေတို့ စိုက်ပျိုးထားတွေကို ဖျက်တာပြုတာကိုတော့ တရားစွဲလို့ မရဘူး။ အဲဒီမှာ ရှိနေတဲ့ တာဝန်ကျနေတဲ့ ရဲဘော်တွေနဲ့ ဒေါ်နန်းရွှေတို့နဲ့က တဲကလည်း နီးနေတော့ အပြန်အလှန် တဖက်နဲ့တဖက် အမြဲတမ်းလိုလို အချင်းများ ရန်ဖြစ်နေကြတာပေါ့။ ရေရှည်ကျတော့ အလွန်အကျွံတွေ ဖြစ်မှာလည်း စိုးရိမ်ရတယ်။”

No comments:

Post a Comment