Friday, June 17, 2011

အိမ်ဖော်ကို သတ်သူတွေ စွဲချက်တင်ခံရ


နောက်ဆုံးရေးသားချိန်  ၂၀၁၁ခုနှစ် ဇွန်လ ၁၆

http://www.bbc.co.uk/burmese/news/2011/06/110616_domestic_workers.shtml

အခုလ စောစောပိုင်းက အင်ဒိုနီးရှား အိမ်ဖော်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့အမှုနဲ့ မလေးရှားနိုင်ငံက ဇနီးမောင် နှံကိုစွဲချက်တင်လိုက်ပါတယ်။ အသတ်ခံရသူအိမ်ဖော်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ အညိုအမဲစွဲ ဒဏ်ရာတွေနဲ့ ပြည့်နေတယ်လို့လည်း သိရပါတယ်။ ကမ္ဘာတ၀န်းလုံးမှာ သန်းနဲ့ချီရှိနေကြတဲ့ အိမ်ဖော်၊ ကလေးထိန်း၊ ထမင်းချက်နဲ့ အခြားအိမ်မှုအလုပ် လုပ်ကိုင်နေ ကြသူအလုပ်သမားတွေ အတွက်အခွင့်အရေး အသစ်တွေ ပေးမယ်ဆိုတဲ့ အာမခံမှုတွေ ရှိလာချိန်မှာ အခုသတင်း ပေါ်ထွက်လာခဲ့တာပါ။ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ သဘောတူညီချက် သစ်အရ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပထမဆုံး အကြိမ် သူတို့ရဲ့ အိမ်မှုဆိုင်ရာ အလုပ်သမားတွေကို နှစ်စဉ် ခံစားနိုင်တဲ့ လစာပြည့်ခွင့်၊ မီးခွားခွင့်နဲ့ ကျမ်းမာရေး အာမခံချက်တို့ အပါအ၀င် အလုပ်သမား အခွင့်အရေး အပြည့်အဝ ပေးကြရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment