မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် Federation of Trade Unions Myanmar (FTUM)သည် မြန်မာပြည်သူ တရပ်လုံးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမှု တရား မျှတရေးနှင့် အလုပ်သမား သမဂ္ဂများ မြန်မာပြည်တွင် ပြန်လည်ပေါ်ထွန်းလာရေးအတွက် (FTUM) ကို စတင် ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
Int' Trade Un Trip To Bur
Showing posts with label interview. Show all posts
Showing posts with label interview. Show all posts
Friday, June 8, 2012
Thursday, March 29, 2012
"ရခိုင်ပြည်မှာ ရှိနေတဲ့ သယံဇာတတွေဟာ ရခိုင်ပြည်သူလူထုတွေ ပိုင်တဲ့ အမွေအနှစ်တွေဖြစ်တယ်"
၂၈ရက် မတ်လ ၂၀၁၂ခုနှစ်
မတ်လ ၂၂ရက်နေ့က "မြန်မာသံယဇာတ ကျိန်စာ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာ
တစောင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ Arakan Oil Watch (AOW) အဖွဲ့က
ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေနံနဲ့
သဘာဝဓာတ်ငွေ ဘဏ္ဍာငွေ ပွင့်လင်းမှု ပြဿနာ အကြောင်း အရင်းတွေကို ရေးသား
ထားတာဖြစ်ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ရှိ
နေသော်လည်း ပြည်သူတွေ ခံစားပိုင်ခွင့်မရှိတဲ့ ကျိန်စာသင့်နေမှုကို အမြန်ဆုံး ရပ်တန့်
ပေးဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။ အဲဒီ အစီရင်ခံစာ ထုတ်ပြန်ရတဲ့ အခြေအ
နေတွေနဲ့ ပတ်သက်ပြီးတော့ AOW အဖွဲ့က ဒါရိုက်တာ ကိုခိုင်ကျော်ခိုင်ကို နိရဉ္စရာက
ကိုမင်းဆက်ခိုင်ကနေပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။
Saturday, March 24, 2012
ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြီး အဓိက တည်ရှိရာ ကျောက်ဖြူ- မဒေးကျွန်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲ
၂၃ရက် မတ်လ ၂၀၁၂ခုနှစ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်းဟာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းရဲ့
အဓိက ပင်မ အချက်အချာကျတဲ့ နေရာ ဖြစ်ပါတယ်။ အခုအခါ အဲဒီကျွန်းပေါ်မှာ တရုတ်က
ရေနံတင် သင်္ဘောတွေ ၀င်ထွက်နိုင်တဲ့ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေသလို
ဆီသိုလှောင်မယ့် ရေနံကန်ကြီးတွေ၊ သင်္ဘောတွေကို ဖြန့်ဖြူးမယ့် သောက်ရေကန်ကြီးတွေ။
Friday, January 6, 2012
မြန်မာ့အထည်ချုပ်လုပ်ငန်းအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းချက်
၅ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
ဓာတ်ဆီ ဈေးတက် လျှပ်စစ်မီတာခတွေလည်းတက်တဲ့အတွက် အထည်ချုပ်လုပ်ငန်းတွေရဲ့
အခြေအနေနဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေအရ စီးပွားရေးပိတ်ဆို့ထားတဲ့ အမေရိကန်၊ အီးယူ
နိုင်ငံတွေက ပြန်ရုပ်သိမ်းဖို့ အလားအလာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်
လုပ်ငန်း လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။
Tuesday, December 27, 2011
အလုပ်သမား ဒုဝန်ကြီး ဦးမြင့်သိန်းနှင့် မေးမြန်းချက်
၂၆ရက် ဒီဇင်ဘာလ ၂၀၁၁
မြန်မာပြည်မှာ လွတ်လပ်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို လာမယ့် နှစ်ကျမှ ဖွဲ့စည်းခွင့်
ပြုမယ်လို့အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။ ဦးမြင့်သိန်းကို ထိုင်းကိုရောက်နေစဉ်
သီးသန့်မေးမြန်းတဲ့အခါမှာ လောလောဆယ် အလုပ်သမားရေးရာ ၀န်ကြီးဌာနက အလုပ်သမား
အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ဆိုင်ရာ နည်းဥပဒေတွေ ရေးဆွဲထားပြီး၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့
ပူးပေါင်းပြီး အလုပ်သမား အခွင့်အရေး ပညာပေးမှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
ပြုမယ်လို့အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။ ဦးမြင့်သိန်းကို ထိုင်းကိုရောက်နေစဉ်
သီးသန့်မေးမြန်းတဲ့အခါမှာ လောလောဆယ် အလုပ်သမားရေးရာ ၀န်ကြီးဌာနက အလုပ်သမား
အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ဆိုင်ရာ နည်းဥပဒေတွေ ရေးဆွဲထားပြီး၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့
ပူးပေါင်းပြီး အလုပ်သမား အခွင့်အရေး ပညာပေးမှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
Sunday, December 18, 2011
သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ် သဘောထားကွဲ
၁၇ရက် ဒီဇင်ဘာလ ၂၀၁၁ခုနှစ်
ကချင်ပြည်နယ်အတွင်း ထိုးစစ်များရပ်တန့်ဖို့ သမ္မတ ဦးသိန်းစိန်၏ ညွန်ကြားချက်ကို
ကာကွယ်ရေး ဦးစီးချုပ်က မနာခံတဲ့အတွက် မြန်မာနိုင်ငံမှာ ဥပဒေ စိုးမိုးရေးကို ယနေ့ချိန်ထိ
အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်နေသေးသည်ဟု မြန်မာနိုင်ငံ အလုပ်သမား
သမဂ္ဂများ အဖွဲ့ချုပ် (FTUB ) က ကျေညာချက် ထုတ်ပြန်ခဲ့ပါသည်။
Thursday, December 8, 2011
Monday, October 17, 2011
Saturday, October 15, 2011
Subscribe to:
Posts (Atom)
.jpg)