Activities within ITUC and Global Union Federations




Union Movement and Basic CBA Training Course
သမဂ္ဂလှုပ်ရှားမှုနှင့် CBA ဆိုင်ရာ၏အခြေခံသင်တန်း

 
- မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ရုံးချုပ်တွင် FTUM-UAZENSEN-ITUC တို့ ပူးပေါင်းဆောင်ရွက်၍ Union Movement and Basic CBA Training Course(သမဂ္ဂလှုပ်ရှားမှုနှင့် CBA ဆိုင်ရာ၏အခြေခံသင်တန်း) ကို ၂၀၁၄ခုနစ် မေလ (၂၄-၂၅)ရက်နေ့၌ ပြုလုပ်ကျင်းပသည်။ ထိုသင်တန်းတွင် FTUMအဖွဲ့ချုပ်အဖွဲ့ဝင် သမဂ္ဂအဖွဲ့ပေါင်း(၂၁)ဖွဲ့မှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်များပါဝင်သော စုစုပေါင်းသင်တန်းသား/သူဦးရေ (၂၃)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးသော အကြောင်းအရာများမှာ စုပေါင်းညှိနှိုင်းအရေးဆိုရာတွင် အသုံးပြုမည့်အသိပညာ နည်းပညာများအပြင် ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး၏ အရေးပါမှုများဖြစ်ပါသည်။




 .....................................
"The 3rd International Trade Union Confederation World Congress " 
"အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် 
(ITUC)၏တတိယအကြိမ်မြောက် ညီလာခံ"

Over 1500 trade unionists from 161 countries will gather at the Berlin City Cube in Berlin, Germany from May 18 to 23 for the 3rd International Trade Union Confederation World Congress which takes place every four years. The ITUC is the largest democratic organization in the world representing 325 national trade unions and working people all over the world.
FTUB now known as FTUM was formed in 1991 and with the cooperation of ITUC has been working on workers issues, and in 2009 became a member of ITUC. General Secretary Mr. MaungMaung from (FTUM) will attendthe 3rd International Trade Union Confederation World Congress as the representative from Myanmar.

The opening speech on the first day of conference will be made by Foreign Minister FrankWalter Steinmeier, Helen Clark, UNDP Administrator, representing the United Nations.

Special guests include this congress who former professional footballers AbdeslamOuaddou and ZahirBelounis who was trapped in Qatar for 17 months; Gordon Brown MP, UN Special Envoy for Global Education; Jay Naidoo, Chairman of the Global Alliance for Improved Nutrition and a former Minister in the Mandela Cabinet; Professor OzlemOnaran, Professor of Workforce and Economic Development Policy at University of Greenwich; Larry Elliott, Guardian Economics Editor; and Jayati Ghosh, Professor of Economics at Jawaharlal Nehru University, New Delhi, India.

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)၏တတိယအကြိမ်မြောက် ညီလာခံအား ၂၀၁၄ခုနစ်၊မေလ၁၈ရက်မှ၂၃ရက်နေ့ အထိဂျာမဏီနိုင်ငံဘာလင်မြို့တွင်ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။ ITUCသည်ဒီမိုကရေစီနည်းကျဖွဲ့ စည်းထားသောကမ္ဘာပေါ်ရှိအကြီးမားဆုံးသော အဖွဲ့ အစည်းကြီးဖြစ်ပြီး ကမ္ဘာနိုင်ငံအသီးသီးမှနိုင်ငံလုံးဆိုင်ရာအဆင့်ရှိသောအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ပေါင်း (၃၂၅)ဖွဲ့ပါဝင်သည့် အဖွဲ့အစည်းကြီးလည်းဖြစ်ပါသည်။ITUCသည်နိုင်ငံပေါင်း (၁၆၁)နိုင်ငံမှအဖွဲ့ ဝင် (၁၇၆)သန်းနှင့်ကမ္ဘာ့အလုပ်သမားထုကြီး အား ကိုယ်စားပြုသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။ITUC ညီလာခံကိုလေးနှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင်နိုင်ငံပေါင်း(၁၆၁)နိုင်ငံမှအဖွဲ့ဝင် အလုပ်သမားအရေး ဆောင်ရွက်သူ(၁၅၀၀)ကျော်တက်ရောက်မည်ဖြစ်သည်။



FTUM သည် (၁၉၉၁)ခုနစ်မှစတင်တည်ထောင်ခဲ့၍အလုပ်သမားရေးရာများအားITUCအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး (၂၀၀၉)ခုနစ်တွင် ITUCအဖွဲ့ချုပ်အဖွဲ့ ၀င်ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အလုပ်သမားထုအား ကိုယ်စားပြု၍ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM)မှ အထွေထွေအတွင်းရေးမှူးဦးမောင်မောင် တတ်ရောက်မည်ဖြစ်သည်။
 

ထိုညီလာခံပထမနေ့တွင် German Foreign Minister Frank-Walter Steinmeier, Helen Clark, UNDP Administrator, representing the United Nations တို့မှအဖွင့်အမှာစကားပြောကြားမှာဖြစ်သည်။ အထူးဧည့်သည်တော်များအနေဖြင့်former professional footballers AbdeslamOuaddou, ZahirBelounis, Gordon Brown MP, နိုင်ငံလုံးဆိုင်ရာပညာရေး UN Special Envoy; Jay Naidoo, Chairman of the Global Alliance former Minister in the Mandela Cabinet; Professor OzlemOnaran, Greenwich တက္ကသိုလ်မှProfessor of Workforce, Economic Development Policy; Larry Elliott, Guardian Economics Editor; and Jawaharlal Nehru တက္ကသိုလ်မှJayati Ghosh, Professor of Economics, New Delhi, Indiaတို့တတ်ရောက်မည်ဖြစ်သည်။








................................

Trade Union Training on Labour Law Reforms for Decent Work in Asia 
(focus on ILO Conventions C87, C98 & R198)
20 - 23 May 2014, Bangkok

Trade Union Training on Labour Law Reforms for Decent Work in Asia Workshop was held in Bangkok on 20th - 23th May 2014. Ms. Khaing Zar Aung (Secretary of Women's Committee) and Ms. Eaindra Kyi Tin (Lawyer) from FTUM attended this workshop. The workshop was based on Decent Work, Labour Laws, Worker's rights and Collective bargaining. Group discussion and Individual presentations were performed during this workshop.

၂၀၁၄ခုနစ်၊ မေလ ၂၀-၂၃ရက်နေ့များတွင် ဘန်ကောက်မြို့ ၌ Trade Union Training on Labour Law Reforms for Decent Work in Asia Workshop ကို ပြုလုပ်ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ နိုင်ငံပေါင်း (၁၃)နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦး တတ်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ကိုယ်စားလှယ် အဖြစ်ဒေါ်ခိုင်ဇာအောင် (အမျိုးသမီးကော်မတီ အတွင်းရေးမှူး)၊ ဒေါ်အိန္ဒြာကြည်တင် ( အထက်တန်းရှေ့နေ)တို့ နှစ်ဦး တတ်ရောက်ခဲ့ကြသည်။ သင့်တော်ကောင်းမွန်သောအလုပ်အကိုင်နှင့် အလုပ်သမားဥပဒေ၊ အခွင့်အရေးများ၊ စုပေါင်းညှိနိုင်း တောင်းဆိုမှုဆိုင်ရာအကြောင်းအရာများအား

အုပ်စုဖွဲ့၍သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။






................................................

IndustriALL Asia and Pacific Women Conference

IndustriALL Asia and Pacific Women Conference Which met in Bangkok on 14 May, 2014 discussed various important issues related workers in our sectors including Safety at Work, Precarious Work and Organizing, Maternity Protection and Women Leadership.

About 80 participants from 15 countries (Australia, Cambodia, India, Indonesia, Japan, Korea, Malaysia, Nepal, Pakistan, Philippines, Singapore, Thailand, Myanmar, Vietnam and Switzerland) attended women conference.
Federation of Trade Unions Myanmar (FTUM) 's Women Committee, Khaing Zar Aung (Secretary of the women committee) attended the conference.

၂၀၁၄ ခုနစ်၊ မေလ၊ ၁၄ရက်နေ့ ဘန်ဘောက်မြို့ တွင် IndusriALL Asia and Pacific Women Conference ပြုလုပ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)မှ ကိုယ်စားလှယ်အဖြစ် အမျိုးသမီးကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ဇာအောင် တတ်ရောက်ခဲ့သည်။
IndustriaALL သည် အကျင့်ပျက်ခြစားမှုဆိုင်ရာပြသနာများ နှင့် ပြည်သူလူထုဝန်ဆောင်မူ လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည့်သူများအကြား ပွင့်လင်းမြင်သာမှုမရှိခြင်းကို အလေးထားလျက် နိုင်ငံတော်အစိုးရအနေဖြင့် သင့်တော် သလို ဆောင်ရွက်ဖို့ အတွက် တောင်းဆိုလျက်ရှိပါသည်။

ထိုအမျိုးသမီးညီလာခံတွင် ကဏ္ဍအလိုက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှုင်းရေး၊ ကြိုတင်ကာကွယ်မူများ၊ စည်းရုံးရေးများ၊ မိခင်အမျိုးသမီးများ ကာကွယ်ရေး၊ အမျိုးသမီး ခေါင်းဆောင်မူများ ဆွေးနွေးခဲ့ကြသည်။ ထို အမျိုးသမီးညီလာခံတွင် နိုင်ငံပေါင်း ၁၅နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၈၀)ကျော် တင်ရောက်ခဲ့သည်။



 ................................

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)သည် ၂၀၁၄ခုနစ်၊ မေလ(၂)ရက်နေ့တွင် FTUM ရုံးချုပ်၌ ဂျပန်နိုင်ငံရှိ The Democratic Party of Japanမှ Michihiro Ishibashi (Member of the House of Councillors)နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။


 ..................................................

 အပြည်ပြည်ဆိုင်ရာ သစ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး အလုပ်သမားများအဖွဲ့ချုပ် (BWI)နှင့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လုပ်ငန်းညှိနိုင်းဆွေးနွေးပွဲ 
၂၀၁၄ခုနစ်၊ ဧပြီလ (၂၅-၂၆)ရက်နေ့တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM)ရုံးချုပ် သင်တန်းခန်းမ၌ အပြည်ပြည်ဆိုင်ရာသစ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးအလုပ်သမားများအဖွဲ့ချုပ် (BWI )မှ Sri WULANDARI (Regional Education Officer)၊ Asain Pacific Director AOLINAR TOLENTINO၊ MARLON QUESADA (Trade Union Solidarity Centre of Finland) နှင့်မြန်မာနိင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FTUM)၏ အဖွဲ့ဝင်သမဂ္ဂများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ကြသည်။ ထိုဆွေးနွေးပွဲတွင် သမဂ္ဂအဖွဲ့ဝင်များမှ သစ်လုပ်ငန်းဆိုင်ရာ သုံးသပ်ချက်များ၊ အလုပ်သမားသမဂ္ဂများ၏ အခက်အခဲများ၊ ဖြေရှင်းရန် နည်းလမ်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ကျား၊မနှင့် ပတ်သတ်သော ကိစ္စများ၊ အသက်အရွယ်နှင့်ဆိုင်သောကိစ္စများအားထည့်သွင်း ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် သမဂ္ဂပေါင်း(၁၂)ဖွဲ့မှ အဖွဲ့ဝင်(၂၄)ဦး တတ်ရောက်ခဲ့ကြသည်။
Building and Wood Workers' International and 
Federation of Trade Unions Myanmar Consultative Meeting  

On 25-26 th april,2014 FTUM led the Consultative Meeting with
Sri WULANDARI (Regional Education Officer) from BWI, Asain Pacific Director AOLINAR TOLENTINO from BWI, MARLON QUESADA from sask (Trade Union Solidarity Centre of Finland) in Head Office of FTUM. They was proceed about Brief Review of Wood/Forest sector, Problem Identification & Analysis of Unions, Ways of problem solving , Future Plans and Gender & Age Issues.A total
(24) members of FTUM was participated from 24 Unions  in this meeting.


   

 

 


..................................

 

 

FTUM AFFM ITUC Myanmar with ITUC AP Gen Sec
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အာရှပစိဖိတ်) အထွေထွေအတွင်းရေးမှူးနှင့်အတူ

................ 

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အစီရင်ခံစာတင်သွင်းနေစဉ်

 .........................................................

9th Meeting of the ITUC-Asia Pacific Regional General Council 

25-26 November,2013 ( Bangkok, Thailand)

 



















-------------------------------------------------------------------




အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားရောက်

၁၈ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
သမဂ္ဂစာစဉ်

ITUC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ အလုပ်သမားသမဂ္ဂတွေ၊ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့ FTUB အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အကြီးတန်းရှေ့နေ ဦးမြတ်လှ နဲ့ အလုပ်သမား ၀န်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

ITUC ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၂ ရက်ကနေပြီးတော့ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာပြည်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့သူကတော့ အိုင်အယ်လ်အို လူ့အခွင့်အရေးနဲ့ သမဂ္ဂအခွင့်အရေး ဌာနရဲ့ ညွန်ကြားရေးမှူး Mr. Stephen Benedict ဖြစ်ပြီး ဥပဒေရေးရာအကြံပေး Mr. Jeffrey Vogt နဲ့ အာရှ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာ အကြီးတန်းအရာရှိ Mr. Patuan Samosir လည်းပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပေါ်ထွက်လာပြီးနောက် မှတ်ပုံတင်ကြတဲ့ အလုပ်သမား သမဂ္ဂတွေဖြစ်တဲ့ မြန်မာနိုင်ငံစက်မှုဇုန်အလုပ်သမားများသမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနဲ့ တောင်သူလယ်သမားများအဖွဲ့ချုပ် ၊ သတင်းမီဒီယာအလုပ်သမားများသမဂ္ဂ ၊ ချည်မျှင်၊အထည်ချုပ်နဲ့သားရေ အလုပ်သမားများသမဂ္ဂ၊ ဒိုက်ဦးမြို့နယ်အထွေထွေနဲ့ သယ်ယူပို့ဆောင်ရေး အလုပ်သမားများသမဂ္ဂ တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ မကြာမီက ဦးသိန်းစိန်အစိုးရက လွတ်ပေးလိုက်တဲ့ FTUB ရဲ့အဖွဲ့ဝင်တွေ အပါအ၀င် FTUB ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးမျိုးအောင်သန့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တခါ ITUC ရဲ့ကိုယ်စားလှယ်အဖွဲ့က ပဲခူးတိုင်းမှာရှိတဲ့ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အကြီးတန်းရှေ့နေ ဦးမြတ်လှနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ရှေ့နေတွေ၊ လယ်သမားတွေ၊ လူငယ်တွေ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မကြာသေးမီက မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ဥပဒေအသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကိုယ်စားလှယ်အဖွဲ့က ရွေပြည်သာ စက်မှုဇုံကိုသွားရောက်ခဲ့ပါတယ်။ အလုပ်သမား ၀န်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးမြင့်သိန်းက အလုပ်သမားတွေကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာကို သွားရောက်လေ့လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နေပြည်တော်ကိုသွားပြီး အလုပ်သမား ၀န်ကြီးဌာနရဲ့ အမှုဆောင် ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားအဖွဲ့အစည်း ဥပဒေအကြောင်း၊ အကျဉ်းထောင်ဥပဒေနဲ့ အလုပ်သမား နည်းဥပဒေများ အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်တိုင်း ရွေဂုံတိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်   ဌာနချုပ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံ အားပေးတဲ့အကြောင်းနဲ့ ITUC ရဲ့အထွေထွေအတွင်းရေးမှူးချုပ် Sister Sharan Burrow ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် သ၀ဏ်လွာပေးပို့တာကို ပြောကြား ဆွေးနွေးခဲ့ကြပါတယ်။

ပြီးတော့ ကိုယ်စားလှယ်အဖွဲ့ဟာ လှိုင်သာယာစက်မှုဇုန်ကိုသွားပြီးတော့ အလုပ်သမားတွေလုပ်နေတဲ့ လုပ်ငန်းခွင်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ 


----------------------------------------------------------------------

International Trade Union Confederation (ITUC) delegation visits Burma

Feb 17, 2012
Trade Unions

ITUC delegation, in its first ever visit to Burma, met with Trade Unions who had applied for registration, met with released FTUB members, NLD leader Daw Aung San Suu Kyi, Bago divsion NLD leader U Myat Hla and Ministry of Labor.

 A delegation from the ITUC visited Burma on 12th to 16th of February 2012.  The delegation was headed by Mr. Stephen Benedict, Director of the Human and Trade Union Rights (HTUR) department and also included Mr. Jeffrey Vogt, Legal Advisor of the ITUC and the HTUR, and Mr. Patuan Samosir Senior Officer, Organizing and Projects ITUC Regional Organization for Asia-Pacific (ITUC-AP).

During the visits, the delegation met with the representatives from the Myanmar Industrial Trade Unions (MITU), the Agriculture and Farmers Federation of Myanmar (AFFM), the Journalist Press and Publication Workers' Union (JPPWU) and the Textile and Garment and Leather Workers Union (Bago) and the Daikoo General and Transport Workers Union. They also met with FTUB leader Myo Aung Thant. 

They also met with U Myat Hla a senior attorney and leader of the Bago region NLD. Also in the meeting were lawyers, farmers and youth. The discussion was on the legal interpretation on the recently passed Labor Organization Law and past and present functions and interpretations of the labor law in Burma/Myanmar.

On the 14th, they went to Shwe Pyi Thar Industrial Zone to observe Deputy Minister of Labor U Myint Thein talk to workers on the Labor Organization Law.

On the 15th the delegation went by plane  went to Naypyidaw and met with the Ministry of Labor headed by the Director General and discussed on the Labor Organization Law, the Prison Code and the Labor Organization Rules .

Returning by car, on the morning of the 16th  Stephen Benedict and Jeffery Vogt  met with Daw Aung San Suu Kyi at the NLD HQ briefly, presented support for the NLD and a letter from the Sister Sharan Burrow, the General Secretary of the ITUC.

After that the delegation also went to Hlaing Tharyar Industrial Zone to observe the work places.
The delegation left Burma / Mynamar on 16th evening.
***************************************************