Thursday, January 31, 2013

စစ်တပ်က အဓမ္မ သိမ်းထားသည့် မြေယာများ ပြန်ရနိုင်ခြေ နည်းပါး


31 Jan 2013

အစိုးရစစ်တပ်က အဓမ္မသိမ်းယူထားသည့် လယ်ယာမြေများကို မူလပိုင်ရှင် 
လယ်သမားများ ပြန်လည်ရရှိရန် ဖြစ်နိုင်ခြေ နည်းပါးကြောင်း သိရသည်။

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို



2013-01-30

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို 
လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် 
 Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် 
 နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်န၀ါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။

အပြည့်အစုံသို့ ----------

လယ်သမားပိုင်မြေနဲ့ “တပ်ပိုင်မြေ”

အင်းလေးဟိုတယ်ဇုန်အတွက် မြေသိမ်းလို့ အာဏာပိုင်တွေနဲ့ ဒေသခံတွေ တင်းမာမှုဖြစ်


2013-01-30
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ မြို့နယ်၊ အင်းလေးကန် အရှေ့ဖက် ကမ်းက 
အင်ကြင်းကုန်းကျေးရွာ အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဟိုတယ်ဇုန်စီမံကိန်းကြောင့်
 မြေယာသိမ်းခံထားရတဲ့ အင်ကြင်းကုန်း၊ ကန်ပဲ့၊ ရွာမကျေးရွာတွေက သံဃာတော်တွေအပါအဝင်
 ဒေသခံတောင်သူ ၁၅၀ ကျော်နဲ့ အာဏာပိုင်တွေအကြား မနေ့က မနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အပြည့်အစုံသို့ ------------

ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ရာမှာ ပါဝင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသားကို ဖမ်းဆီး


2013-01-30
ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ရည်ရွယ်ပြီး 
ချီတက် လမ်းလျှောက်နေတဲ့ အဖွဲ့ထဲမှာ ပါဝင်တဲ့ ပြင်သစ်နိုင်ငံသား မစ္စတာ ခရစ္စတိုဖာကို ဒီကနေ့ တောင်ငူမြို့အရောက်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
အပြည့်အစုံသို့ ---------------

စစ်တပ်ကသိမ်းထားတဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးမည်


2013-01-31
စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေထဲက မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ 
လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေထံပြန်ပေးဖို့ရှိပြီး သိမ်းဆည်းထားတဲ့ 
လယ်ယာမြေတွေကိုလည်း ကာလပေါက် ဈေးတွေနဲ့လျော်ကြေးပေးဖို့ အစီအစဉ်တွေ 
ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်က 
ဒီကနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
 
အပြည့်အစုံသို့ -----------

Wednesday, January 30, 2013

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်


29 Jan 2013

ရခိုင်ကမ်းလွန်မှ ဂက်စ်နှင့် ရေနံစိမ်းများကို မေလ ၁ ရက်နေ့တွင် တရုတ်ပြည်သို့
 စတင်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ သည့်အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်း
 စောင့်ကြည့်ရေးကော်မတီ မှ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့် မြို့ရွာမှ ဒေသခံများထံမှ 
စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်ကန့်ကွက်မည်ဟု ဆိုသည်။

အပြည့်အစုံသို့ --------------