Showing posts with label gas. Show all posts
Showing posts with label gas. Show all posts

Friday, February 22, 2013

မြန်မာ့ သဘာဝ ဓါတ်ငွေ့ တင်ပို့မှု ခေတ္တရပ်ခြင်းက ထိုင်းလျှပ်စစ် ဖူလုံမှုအား စိန်ခေါ်နေ



22 Feb 2013

စံခလပူရီ (မဇ္ဈိမ)။   ။ မြန်မာ့ ကမ်းလွန် ပင်လယ်ပြင်ရှိ ရတနာနှင့် ရဲတံခွန် ဓါတ်ငွေ့
 လုပ်ကွက် နှစ်ခုကို ဧပြီလ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ နှစ်စဉ်ပြုနေကျ ကြံ့ခိုင်မှု
 စစ်ဆေးရန်နှင့် ပြန်လည် ပြင်ဆင်ရန် အချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓါတ်ငွေ့များကို ခေတ္တရပ်ဆိုင်းရမည် ဖြစ်ကာ ထိုင်းနိုင်ငံ လျှပ်စစ်မီး
ဖြန့်ဖြူးပေးနိုင်ခြင်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည်ဟု ထိုင်း စွမ်းအင် 
ဝန်ကြီးဌာန ပြောသည်။

အပြည့်အစုံသို့ ------------

Saturday, February 16, 2013

ကန်ဘောက်-မြိုင်ကလေး-လှော်ကား ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ပြီးလုနီးပြီ


16 Feb 2013

ရန်ကုန်၊ လှော်ကားသို့အရောက် ပို့လွှတ်မည့် ကန်ဘောက်-မြိုင်ကလေး သဘာဝ ဓါတ်ငွေ့ 
စီမံကိန်း ပိုက်လိုင်းများကို ကုန်းတွင်းပိုင်း တပ်ဆင်နေမှုမှာ စီမံကိန်း၏ ၇၀ ရာခိုင်
 နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း စီမံကိန်း ကြီးကြပ်ရေးတွင် ပါဝင်သည့် 
အမည်မဖော်လိုသူ အရာရှိ တဦးက ပြောသည်။

အပြည့်အစုံသို့ -----------


Thursday, January 24, 2013

တရုတ်သို့ ပို့မည့် ဂက်စ် ပိုက်လိုင်း မေလတွင် ပြီးမည်


24 Jan 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို၌ တည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ ဂက်စ်ပိုက်လိုင်း
 စီမံကိန်းသည် မေလတွင် ပြီးစီးမည်ဖြစ်ပြီး ဇွန်လတွင် လုပ်ငန်းစတင် 
လည်ပတ်တော့မည် ဖြစ်ကြောင်း သိရသည်။

Tuesday, January 22, 2013

ကျောက်ဖြူ-ရွှေလီ ပိုက်လိုင်းများ မေလတွင် အပြီးသတ်နိုင်မည်



22 Jan 2013

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊
 ရွှေလီမြို့သို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို ၂၀၁၃ ခုနှစ်၊
 မေလ ၃၀ ရက်နေ့တွင် အစသတ်နိုင်မည်ဟု တရုတ်
အမျိုးသားရေနံကုမ္ပဏီ (CNPC)က ပြောဆိုလိုက်သည်။

Thursday, January 10, 2013

ရွှေ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားများ၏ လစာ တလနီးပါး မရသေးဟုဆို


10 Jan 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး 
လုပ်ငန်း၊ ဓာတ်ငွေ့သန့်စင် စက်ရုံတည်ဆောက်ရေး လုပ်ငန်း စသည်တို့ကို တာဝန်ယူထားသည့် 
တွဲဘက် ကန်ထရိုက် ကုမ္ပဏီများက ဒေသခံ အလုပ်သမား များကို တလနီးပါးအထိ 
လုပ်ခ ရှင်းမပေးသည့် ဖြစ်ရပ်များ ရှိနေကြောင်း ကြားသိရသည်။