Worker Disputes

Asia Rose အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ကျော်လစာတိုးမြှင့်ပေးရန်မှ လွဲ၍ တောင်းဆိုမှုများ သဘောတူညီမှုရရှိသော်လည်း ဆက်လက်ဆန္ဒပြ
Over 300 Workers from Asia Rose Garment factory are still on strike after negotiating they demands which were met, except for increment of salary.
(May 27,2014 Daily Eleven)


 Asia Roseအထည်ချုပ်စက်ရုံ အလုပ်ရှင်-အလုပ်သမားညှိနှိုင်းမူ အခြေအနေ
Situation of Asia Rose Garment Factory's Negotiation

လှိုင်သာယာစက်မူဇုန် (၄)ရှိ Asia Rose အထည်ချုပ်စက်ရုံ တွင် မေလ (၂)ရက်မှ စတင်၍ ဆန္ဒပြတောင်းဆိုနေသောအလုပ်သမား (၄၀၀)ခန့်၏ အလုပ်သမားကိုယ်စားလှယ်များသည် အလုပ်ရှင်နှင့် သုံးကြိမ်တိုင်တိုင်ညှိနှိုင်းဖျန်ဖြေမှု ပြုလုပ်ခဲ့သော်လည်း ပြေလည်မူမရရှိနိုင်ပေ။ ၂၀၁၄ခုနစ်မေလ(၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM)အဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၂)ဦး၊ အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြသော စက်ရုံအလုပ်သမား (၈)ဦး (အနည်းဆုံးလုပ်သက် ၃နှစ်မှ ၁၀နှစ်ခန့်)၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးအရာရှိ (လှိုင်သာယာမြို့နယ်) ဦးအောင်နိုင်၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးမူး(လှိုင်သာယာမြို့နယ်) ဦးအောင်ကျော်မင်း တို့ပါဝင်သော ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အလုပ်သမား ကိုယ်စားလှယ်များမှ တောင်းဆိုချက် (၁၃)ချက် တင်ပြဆွေးနွေးခဲ့သည်။ ထိုတောင်းဆိုချက် အချက်(၁၃)ချက်တွင် (၁၁)ချက်သာ လက်ခံ သဘောတူညီခဲ့သည်။ ကျန်အချက်များအား စက်ရုံ boardအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးကာ ၂၀၁၄ခုနစ်၊ မေလ (၂၇)ရက်နေ့တွင် အကြောင်းပြန်ရန် အလုပ်ရှင်ကိုယ်စားလှယ်များမှ တင်ပြဆွေးနွေးခဲ့သည်။ သဘောတူမှုသာ ရရှိ၍ သဘောတူမှုစာချုပ် မချုပ်ဆိုခဲ့ပါ။ အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှုအောင်မြင်မှု ရရှိမှသာ ဆန္ဒပြမှုရပ်ဆိုင်း၍ လုပ်ငန်းခွင် ပြန်လည် လုပ်ကိုင်မည် ဟု အလုပ်သမားကိုယ်စားလှယ်များက ပြောကြားခဲ့သည်။





 ...............................
85% workforce from Lucky Jewellery Wood Industry have signed an agreement contract with employer. စက်ရုံလုပ်သား ၈၅ရာခိုင်နှုန်း၏ သဘောတူညီမှုဖြင့် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ (ကျောက်ဆည်)တွင် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ်ချုပ်ဆို
  .............................

 စက်မှုဇုန် (၂)ရှိ ဘိုဆားပိုက်စက်ရုံ အငြင်းပွားမူ ဖြေရှင်းမှု
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)ရှိ ဘိုဆားပိုက်စက်ရုံ ပိုင်ရှင်(အလုပ်ရှင်) ဦးကျော်မင်းနှင့် ကော်လံအလုပ်သမား ဦးကျော်ဇေယျ ၊ ကော်လံအလုပ်သမား ဦးဇေဇေအောင်တို့ အငြင်းပွားမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုအငြင်းပွားမှုအား လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွင် ညှိနှိုင်းဖျန်ဖြေမူ မအောင်မြင်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ခုံသမာဓိအဖွဲ့သို့ လွှဲအပ်ခဲ့သည်။  ၂၀၁၄ခုနစ်၊မေလ ၁၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ အငြင်းပွားမှုအမှတ် (၁၇/၂၀၁၄)အတွက် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ ဦးကျော်ဇေယျကို နို့တစ်ကြေး တစ်လစာနှင့် အလုပ်ထုတ်နစ်နာကြေး (၅)လစာ၊ စုစုပေါင်း (၆)လစာကို ၄င်း၏ နောက်ဆုံးထုတ်လစာ ကျပ် (၉၉၅၀၀ိ/-)ဖြင့် တွက်ချက်၍ ရသည့်ငွေပေါင်း ကျပ် (၅၉၇၀၀၀ိ/-)၏ ထက်ဝက်ဖြစ်သည့် ကျပ် (၂၉၈၅၀၀ိ/-) (ကျပ်-နှစ်သိန်းကိုးသောင်းရှစ်ထောင်ငါးရာတိတိ/-)ကို နစ်နာကြေး အဖြစ် ပေးရန်ဆုံးဖြတ်သည်။

No comments:

Post a Comment