Showing posts with label seafarers. Show all posts
Showing posts with label seafarers. Show all posts

Monday, February 18, 2013

မြန်မာသင်္ဘောသား ၁၄ ဦး ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်မှာ ပျောက်ဆုံးနေ


2013-02-18

မြန်မာနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစင်း ဖိလစ်ပိုင် ကမ်းလွန်ပင်လယ်မှာ 
တနင်္ဂနွေနေ့ မနေ့က နှစ်မြုပ်သွားခဲ့ရာမှာ တဦးသေဆုံးပြီး ၁၄ ဦး ပျောက်ဆုံးနေတယ်လို့ 
ဖိလစ်ပိုင်အစိုးရ ကမ်းခြေစောင့်တပ်က ပြောပါတယ်။ အဲဒီ MV Arita Bauxite ဆိုတဲ့ 
ကုန်တင်သင်္ဘော က ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၁၄ ဦးကို 
ဆက်လက်ရှာဖွေနေဆဲပဲလို့လည်း ဆိုပါတယ်။

အပြည့်အစုံသို့ ------------------

Tuesday, September 4, 2012

တရုတ်မြန်မာနယ်စပ်မှာ မြန်မာသင်္ဘောတိမ်းမှောက်


၃ရက် စက်တင်ဘာလ ၂၀၁၂ခုနှစ်
တရုတ်မြန်မာနယ်စပ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အနီး မဲခေါင်မြစ်ထဲမှာ တနင်္ဂနွေနေ့ နေ့လယ်က မြန်မာသင်္ဘောတစ်စီး တိမ်းမှောက်သွားခဲ့ပြီးတဲ့နောက် တရုတ်ရွာ
သားတွေက ကူညီကယ်ဆယ်ရေးတွေ စတင်ဆောက်ရွကနေတယ်လို့ တရုတ်နိုင်ငံ 
ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

Saturday, August 18, 2012

မြန်မာနှင့်ဖိလစ်ပိုင် သင်္ဘောသားများကို ချီလီရေတပ် ကယ်တင်


၁၇ရက် သြဂုတ်လ ၂၀၁၂ခုနှစ်
ချီလီနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရို့ရေးမြို့ ကမ်းခြေအနီးမှာ သောာင်တင်ခဲ့တဲ့ 
Ocean Breeze ကုန်တင်သင်္ဘောပ်ါက မြန်မာနဲ့ ဖိလစ်ပိုင် သင်္ဘောသားတွေကို ချီလီရေတပ်က 
ကယ်တင်လိုက်ပါတယ်။

Thursday, July 5, 2012

မြန်မာနိုင်ငံသင်္ဘောသားများ သမဂ္ဂကို ပြည်တွင်း၌ ဖွဲ့စည်းရန် စီစဉ်နေ


စိုးစန္ဒာဦး
အတွဲ ၂၉ ၊ အမှတ် ၅၇၆ ( - ၁၂ ၊ ၇ ၊ ၂၀၁၂)
ယခင်အစိုးရလက်ထက်က ထိုင်းနိုင်ငံ တွင် ဖွဲ့စည်းထားခဲ့သော မြန်မာနိုင်ငံ ပင်လယ်ပျော်များ
သမဂ္ဂက မြန်မာနိုင်ငံ တွင် သမဂ္ဂ တစ်ခုအဖြစ် ပေါ်ပေါက်လာ ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးကျော်ဆွေဝင်းက ပြောသည်။


Thursday, April 5, 2012

လစာမရ၍ သင်္ဘောမထွက်ရန် ကန့်ကွက်သော မြန်မာသင်္ဘောသားများ လစာပြန်ရ


၅ရက် ဧပြီလ ၂၀၁၂ခုနှစ်
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါရှိ OS Yangon သင်္ဘောမှ မြန်မာသင်္ဘောသားများ  
လစာမရ၍ သင်္ဘောပြန်လည်မထွက်ခွာရန် ကန့်ကွက်ထားရာမှ ယခုအခါလစာများ ပြန်လည်
ရရှိပြီဖြစ်ကြောင်း ယင်းသင်္ဘော၏ သင်္ဘောသားများထံမှ သိရသည်။

Friday, March 16, 2012

မြန်မာသင်္ဘောသားတွေ အသက်ဘေးက လွတ်မြောက်

၁၅ရက် မတ်လ ၂၀၁၂ခုနှစ်
အသက်ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မြန်မာသင်္ဘောသားတွေ အပါအ၀င် 
ပင်လယ်ကူး သင်္ဘောသား (၁၈) ဦးကို တရုတ် ကယ်ဆယ်ရေးအဖွဲ့တွေက 
တရုတ်နိုင်ငံ ဂွမ်ဒေါင်း  ပြည်နယ် တောင်ပိုင်း ပင်လယ်ပြင်မှာ အောင်အောင်
မြင်မြင် ကယ်ဆယ်နိုင်ခဲ့ တယ်လို့တရုတ်နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြပါတယ်။

Monday, January 16, 2012

ကိုးရီးယား သဘောင်္ပေါက်ကွဲ မြန်မာနှစ်ဦးသေဆုံး


၁၅ရက် ဇန်န၀ါရီလ ၂၀၁၂ခုနှစ်
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေနေ့ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်း (Incheon)
မြို့ တွင် Dura No.3 အမည်ရှိ ကိုရီးယားသင်္ဘော တစီး ကိုရီးယား စံတော်ချိန် နံနက် 
(၈:၀၅) နာရီအချိန်တွင် ပေါက်ကွဲပြီး နစ်မြူပ်ခဲ့ ပါသည်။  ထိုပေါက်ကွဲမှုတွင် မြန်မာ 
၂ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေသည်ဟု ကိုးရီးယားသတင်းတွေမှာ ဖတ်ရပါသည်။
အခင်းဖြစ်ပွားမှုကို ရှင်းလင်းရာတွင် ကိုရီးယား စံတော်ချိန် ညနေ ၄နာရီထိ သေဆုံးသူ
မြန်မာ နိုင်ငံသား ၂ ဦး နှင့် ကိုရီးယားနိုင်ငံသား ၃ ဦး ရှိပြီး မြန်မာ ၃ ဦး နှင့် ကိုရီးယား
၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါ သည်။ ထိုသင်္ဘောသည် ကိုရီးယားနိုင်ငံသား ၁၁ ဦး
နှင့် မြန်မာနိုင်ငံသား ၅ ဦး စုစုပေါင်း ၁၆ ဦး စီးနင်းလိုက်ပါခဲ့ သောသဘောင်္ဖြစ်ပါသည်။