Showing posts with label peacefully protect. Show all posts
Showing posts with label peacefully protect. Show all posts

Wednesday, November 23, 2011

ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်နှင့်မေးမြန်းချက်


၂၂ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို လွှတ်တော်တွင်း ဆွေးနွေးတာ 
ပြီးပြတ်သွားပြီဖြစ်လို့ သမ္မတထံတင်လိုက်ပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်း စွာစုဝေးခွင့်ဥပဒေကို ဒီနေ့
ပြည်သူ့လွှတ်တော်မှာ အပြီးသတ် ဆွေးနွေးကြရာမှာ နိုင်ငံတော်အလံကိုင်ဆောင်ပြီး 
စီတန်းလှည့်လည်ခွင့်ပြုဖို့ မဲခွဲဆုံးဖြတ်တဲ့ဘက်က အနိုင်ရတာမို့ ငြိမ်းချမ်းစွာ စီတန်း 
လှည့်လည်တဲ့နေရာမှာ အလံကိုင်ဆောင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့် ပြင်ဆင်ချက်အတည်ပြု


၂၂ရက် နိုဝင်ဘာလ ၂၀၁၁ခုနှစ်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မူကြမ်းကို ပြည်ထောင်စုလွှတ်တော်က 
ဒီကနေ့ အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ 
သဘောကွဲခဲ့တဲ့ နိုင်ငံတော်အလံ ကိုင်ဆောင်ခွင့်ကိစ္စကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အလံကိုင်ခွင့် မူကြမ်းကိုအတည်ပြုလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး
ပြဌာန်းနိုင်တော့မယ့် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဥပဒေမှာ ဘယ်လို ကန့်သတ်
ချက်တွေရော ရှိနေသေးလဲ၊ ဆန္ဒထုတ်ဖော်ခွင့်ကိုရော ဘယ်လောက် လွတ်လွတ်လပ်လပ်  
လုပ်နိုင်မှာလဲဆိုတာတွေကို ဘန်ကောက်ရုံးကို ရောက်နေတဲ့ မစုမြတ်မွန်က 
တင်ပြပေးထားပါတယ်။