Saturday, June 25, 2011

ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာလုံးကျွတ် လုပ်အားပေးခိုင်းစေ


published on June 24, 2011 by နော်နိုရင်း
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ကျေးရွာတခုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက 
ရွာသားတွေကို အခကြေးငွေမပေးဘဲ လမ်းဖို့ခိုင်းနေတဲ့အတွက် ရွာသားတွေ 
အလုပ်အကိုင်ပျက်ပြီး အခက်ကြုံနေရပါတယ်။ ဒေးဒရဲမြို့နယ် တိုးစံပြကျေးရွာ
အုပ်စုအပိုင် ဆားကျင်းကျေးရွာသားတွေကို တိုးစံပြကျေးရွာ အုပ်ချုပ်ရေးမှူး 
ဦးသက်ဝေနဲ့ ဆားကျင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွေး (ခေါ်) 
ဦးနှုတ်ခမ်းမွှေးတို့နေပြီး အခကြေးငွေမပေးဘဲ လုပ်အားပေးခိုင်းစေတာဖြစ်ပါတယ်။


No comments:

Post a Comment