Saturday, June 18, 2011

မြန်မာအိမ်ဖေါ်များ ကိစ္စ အိုင်အယ်လ်အို ဆွေးနွေး


2011-06-17
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့  အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့ အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့ အစည်းတွေနဲ့  ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ ဆုံ ဆွေးနွေးခဲ့ ပါတယ်။ ထိုင်းနိုင်ငံ အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လွတ်လပ်စွာ သွားလာခွင့် မိမိတို့ ပိုင်ဆိုင်တဲ့ နိုင်ငံကူး လက်မှတ် လက်ဝယ် ကိုင်ဆောင်ထားနိုင်ခွင့် အပတ်စဉ် အားလပ်ရက် ရရှိခွင့် တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment