Thursday, June 9, 2011

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အဖွဲ့စည်း ဖွဲ့ခွင့် မရှိသေးတဲ့ အပေါ် ILO ဆွေးနွေး

2011-06-09
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနိုင်ခွင့် မရှိသေးတာနဲ့ ပတ်သက်လို့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့က ILOညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို ဝေဖန် ထောက်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။
Convention 87 လို့ခေါ်တဲ့ လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို မနေ့က ILO ညီလာခံမှာ ဆွေးနွေး ကြပါတယ်၊ အဲဒီဆွေးနွေးမှုဟာ ဇွန်လ(၁) ရက်ကနေ (၁၇) ရက်နေ့ကြား ကျင်းပနေတဲ့ ILO အကြိမ် (၁၀၀) မြောက် ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက် ဆွေးနွေးကြတာပဲ ဖြစ်ပြီး၊ ပထမ အကြိမ် ဆွေးနွေးပွဲကတော့ ပြီးခဲ့တဲ့ ဇွန်လ (၄)ရက် နေ့ကပါ။  

No comments:

Post a Comment