Monday, June 13, 2011

အိမ်ဖော်တွေအကြာင်းနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ



၂၀၁၁ခုနှစ် ဇွန်လ (၁၃)ရက်နေ့ နံနက်ပိုင်းအစီအစဉ်
ဘီဘီစီ

မြန်မာအိမ်ဖော်အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ကူညိစောင့်ရှောက်မှု
ပေးနေတဲ့ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေကို မြန်မာအိမ်ဖော်တွေ အကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကိုမေးကြည့်တော့

လုပ်အားခမရတဲ့ပြဿနာ၊ ပိတ်နှောင်ပြီးတော့ ခိုင်စေတဲ့ပြဿနာ၊ ဒီအိမ်ဖော်အလုပ်သမားတွေက များသောအား ဖြင့်အပြင်ခရီးမထွက်ဘူး။ ပိုင်ရှင်တွေက အိမ်ထဲမှာပဲထားတယ် ထိုင်းမှာက စိတ်ချရတဲ့ အိမ်ဖော်အလုပ်သမားရ ဖို့ကခဲရင်းကြတယ် တော်တော်များများက အဲ့ဒီအခါကျတော့ အပင်ပမ်းခံပြီးလုပ်နိုင်တဲ့ အိမ်ဖော်မျိုးဆိုရင် ပိုင်ရှင်တွေက ဒီအိမ်ဖော်ကို လက်မလွှတ်ချင်ဘူး။ လက်မလွှတ်ချင်တဲ့ အခါကြတော့ ဒီအိမ်ဖော်ကို နှစ်ရှည်လများ ခိုင်းထားပြီးတော့ အဲ့ဒါတွေကိုမပေးတာ မျိုးအဲ့ဒါမျိုး ကျွန်တော်တို့တွေ့ရတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ကာကွယ်ရေး ဥပဒေအရဆိုရင် အိမ်ဖော်အလုပ်သမားက အလုပ်သမား အခွင့်အရေးကာကွယ်ရေးဥပဒေရဲ့ အကာအကွယ် ပေးမှုအောက်မှာ မရှိဘူးဆိုပြီးတော့ သူတို့တရားဝင်ဆိုထားတယ်။ အကာအကွယ်ပေးမှု မရှိဘူးဆိုပေမဲ့လည်း ဒီထိုင်း နိုင်ငံအတွင်းမှာ ထိုင်းအမျိုးသမီးရေးရာ အဖွဲ့အစည်းတွေရှိပါတယ်။ NGO တွေရှိတယ်၊ ဒီအလုပ်သမား တစ်ယောက်အနေနဲ့ တော့ အလုပ်လုပ်တယ်ဆိုရင် လုပ်အားခမပေးရင် တောင်းဆို ပိုင်ခွင့်ရှိတယ်၊ ဒီလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေရှိလာရင်လည်း ထိုင်းနိုင်ငံမှာရှိနေ့တဲ့ အမျိုသမီးရေးရာ ဆောင်ရွက်တဲ့ NGO ကနေတဆင့် အခွင့်အရေးတွေ သူတို့ကိုမတရားလုပ်တာတွေအတွက် တိုင်းကြားပြီးတော့ အခါယူခွင့်ရှိပါတယ်။

No comments:

Post a Comment