Monday, June 13, 2011

မြန်မာနဲ့ထိုင်းနိုင်ငံ တို့အကြား အလုပ်သမားမှတ်ပုံတင်ရေး ကိစ္စ ဆွေးနွေးမည်


၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်
တနင်္လာနေ့ နံနက်ပိုင်းအစီအစဉ်
RFA
မြန်မာနဲ့ထိုင်းနိုင်ငံတို့အကြားအလုပ်သမားမှတ်ပုံတင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး လာမယ့်အပတ်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ချာလာချိုင်းဆွန်ရီအွန် Chalermchai Sri-on-- က မနေ့က ပြောကြားလိုက်ပါတယ်။ မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြင့် လာမယ့် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံဖို့ ရောက်ရှိမှာဖြစ်ပြီး ထိုင်းနိုင်ငံရာက် မြန်မာအလုပ်သမားတွေအရေး အပြင် နိုင်ငံခြားရေးရာကိစ္စတွေလည်း ဆွေးနွေးကြမယ်လို့ ထိုင်းအစိုးရသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၁၄ ရက်နေ့ အထိ မြန်မာနိုင်ငံသားတွေ မှတ်ပုံတင်ပေးရေးနဲ့ မြန်မာအလုပ်သမား မှတ်ပုံတင်ဌာန ၂ ခု တိုးချဲ့ဖွင့်လှစ်ရေးကိစ္စတွေကို အဓိက ဆွေးနွေးကြမယ်လို့ သိရပါတယ်။ နယ်စပ်တိုက်ပွဲနဲ့ မတည်ငြိမ်မှုတွေကြောင့် လက်ရှိထိုင်းမြန်မာနယ်စပ် မဲဆောက် မှတ်ပုံတင်ဌာနအစား စမွတ်စကွန် ခရိုင်နဲ့ နခွန်းဆ၀မ် ခရိုင်တွေမှာ အသစ်ဖွင့်လှစ်မယ်လို့ဆိုပါတယ်။ အဲဒိနောက် ဦးမောင်မြင့်ဟာ စမွတ်စကွန် နိုင်ငံခြားအလုပ်သမား မှတ်ပုံတင်ဌာနကို သွားရောက်လေ့လာမှာဖြစ်သလို မြန်မာအလုပ်သမားတွေ အလုပ်လုပ်နေကြတဲ့ စက်ရုံတချို့ကိုလည်း သွားရောက်လေ့လာကြည့်ရှုမယ်လို့ ဆိုပါတယ်။
သောကြာနေ့မှာ ဘန်ကောက်မြို့က နိုင်ငံခြားရေးဌာနအရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ သတင်းစာက ရေးထားပါတယ်။ ထိုင်းအစိုးရ နိုင်ငံခြားသားမှတ်ပုံတင်ရေးအစီအစဉ်အရ လောလောဆယ် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ တွေက နိုင်ငံခြားသား အလုပ်သမား ၈ သောင်း ကျော် ရှိတဲ့အနက် ၅ သောင်းဟာ မှတ်ပုံတင် ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment