Friday, June 17, 2011

အလုပ်သမားလက်မှတ် ငွေကုန်ကျမှု ပိုများ


ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးရာတွင် တရားဝင် သတ်မှတ်ငွေထက် ပိုမိုကုန်ကျနေကြောင်း ထိုင်းအလုပ်ရှာဖွေရေး ရုံးများနှင့် အလုပ်သမား အဖွဲ့များက ပြောသည်။

 ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သော တနှစ်သက်တမ်းခံ မှတ်ပုံတင်ခွင့်ပြုရာ၌ ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား ကျခံရန် တရားဝင် သတ်မှတ်ထားသည်။ အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်းပြုစုရန် ၈ဝ၊ ကျန်းမာရေး စစ်ဆေးမှု ၆ဝဝ၊ ကျန်းမာရေး အာမခံ ၁၃ဝဝ (တနှစ်အတွင်း ဖျားနာပါက ကုသငွေအဖြစ် အခမဲ့ သို့မဟုတ် ဘတ် ၃ဝ သာ ကုန်မည်)၊ အလုပ်လုပ်ခွင့် ပုံစံအတွက် ၁ဝဝ၊ အလုပ်လုပ်ကိုင်ခွင့် ၉ဝဝ-၁၈ဝဝ အသီးသီး ဖြစ်သည်။ 


No comments:

Post a Comment