Monday, June 27, 2011

ပဲခူးရိုးမမှာ ကျွန်းသစ်များကို သစ်တောအရာရှိများက ခိုးထုတ်


published on June 26, 2011 
ပဲခူးရိုးမထဲက သစ်တောတွေကို သစ်တောဦးစီးဌာနကပဲ ပူးပေါင်းခိုးထုတ်ရောင်းစားနေလို့ 
သစ်တောတွေ ပြုန်းတီးနေပါတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ပဲခူးတိုင်း ပဲခူးမြို့နယ် ပဲခူးရိုးမအနီး ဇီးတောကျေးရွာနားက ဇီးတောဘီနယ်ဆိုတဲ့ 
သစ်ကွက်မှာ ကျွန်းသစ်တတန်ကို ကျပ် ၈ သောင်းနဲ့ ခိုးထုတ်ရောင်းစားနေပြီး သတင်းအရ 
လာရောက်ဖမ်းဆီးတဲ့ မြို့နယ်ခရိုင်သစ်တောဦးစီးမှူးတွေကလည်း တယောက်ကို ကျပ် ၁၀ သိန်းယူပြီး 
မဖမ်းဘဲ ပြန်သွားတာတွေကြောင့် ပဲခူးရိုးမထဲမှာ နိုင်ငံပိုင် ကျွန်းသစ်တွေ တော်တော်များများ 
ပြုန်းတီးနေပါပြီလို့ ဇီးတောကျေးရွာမှ ရွာသားတယောက်က အခုလိုပြောပြပါတယ်။

ဇီးတောဘီနယ် သစ်တောအရာရှိဟာ နိုင်ငံပိုင်ကျွန်းသစ်တွေကို အစိုးရဆီ တရားဝင်အပ်နှံမယ့် ရွာသူရွာသားတွေကို ခြိမ်းခြောက်တဲ့အပြင် နိုင်ငံပိုင်သစ်တောတွေကို ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး အလွဲသုံးစား လုပ်နေတယ်လို့လည်း ဆိုပါတယ်။


No comments:

Post a Comment