Saturday, February 18, 2012

ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ


၁၇ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် 
အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ 
ရှိနေပါတယ်။ ဒီကနေ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မေတ္တာရပ်ခံ တောင်းဆို
လိုက်တာပါ။ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လာမယ့် ဘတ်ဂျက်နှစ်မှာ  တိုးပေးရင် 
အသုံးစရိတ်တက်ပြီး တိုင်းပြည်ဘဏ္ဍာ လိုငွေ ပြသွားနိုင်မယ်လို့ ပြောသွားတာပါ။

No comments:

Post a Comment