၁၇ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ယမန်နေ့ နံနက်ပိုင်းက မဲဆောက်ဈေးအတွင်း ထိုင်းလုံခြုံရေးတာဝန်ရှိသူများ က
ဈေးရဲ့ နေရာတော်တော်များများမှာ အဖွဲ့များခွဲပြီး တစ်ပြိုင်တည်း ၀င်ရောက်၍
နေထိုင်ခွင့်နှင့် ပတ်စ်ပို့များကို စစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးရာမှာ နေထိုင်
အလုပ်လုပ်ခွင့်လက်မှတ် မရှိသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို
ဖမ်းဆီးသွားပြီး ယခုလ (၂၈) ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့်
လက်မှတ်ကိုင်ဆောင်ထားသူများကိုလည်း ပတ်စ်ပို့လျှောက်ထားသော
အထောက်အထားပြခိုင်းပြီး မပြနိုင်ပါက သက်ဆိုင်ရာသို့ ခေါ်ဆောင်
သွားကြတယ်လို့ ဈေးအတွင်းက မျက်မြင်သက်သေတစ် ဦးက ပြောပါတယ်။
No comments:
Post a Comment