Sunday, February 26, 2012

လျှပ်စီးမီးခ ပေးနေရပြီး လျှပ်စစ်မီး ပုံမှန် မရရှိသည့် ရွှေတိဂုံ စေတီတော် နှစ် ၂၆၀၀ ပြည့် ပွဲတော်ကြီးမှ ဈေးသည်များ


၂၅ရက် ဖေဖော်ဝါရီလ ၂၀၁၂ခုနှစ်
ရွှေတိဂုံ စေတီတော် နှစ်၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယ တပေါင်း ပွဲတော်ကြီးကို မြန်မာ
သက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလဆန်း တစ်ရက်မှ တပေါင်း လပြည့်နေ့၊  
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှမတ်လ ၇ ရက်နေ့အထိ ရွှေတိဂုံ စေတီတော်၏ 
အနောက်မုခ်တွင် ရှိသော ပြည်သူ့ရင်ပြင်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပနေပါသည်။ 
အဆိုပါပွဲတော်တွင် ဈေးရောင်းသူများကို အခကြေးငွေယူပြီး ဆိုင်ခန်းများ
ရောင်းချပေးနေသည့် ရွှေတိဂုံ ဂေါပက အဖွဲ့က စီစဉ်ပေးသော လျှပ်စစ်မီးမှာ 
ပုံမှန်မလာခြင်း၊ ဗို့အားများ မပြည့်ခြင်း စသည့် အခက်အခဲများ ရှိနေပါသည်။

No comments:

Post a Comment