Thursday, December 20, 2012

ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး သက်တမ်း ထပ်တိုး


20 Dec 2012

ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် 
ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၃ လ ထပ်မံ တိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် 
ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ တွေ့ဆုံစဉ် 
ထိုင်းဝန်ကြီးချုပ်က ၃ လ သက်တမ်းတိုးရန် ကတိပေး လိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment