၃ရက် ဧပြီလ ၂၀၁၂ခုနှစ်
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သလို
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာအရ
အပစ်ခတ်ရပ်စဲရေးကို လုပ်ဆောင်ဖို့လိုကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ
အမျိုးသားကောင်စီ (NCUB)က သမ္မတဦးသိန်းစိန်ကို ဒီကနေ့ ကြေညာချက်
ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန်
ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-
ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ
အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။
(Photo Courtesy of Conference Organizers)

No comments:
Post a Comment