Sunday, March 11, 2012

တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဆန္ဒပြတောင်းဆိုမှု အခြေအနေနှင့် အခြေခံအလုပ်သမားသမဂ္ဂ(ယာယီ) ဖွဲ့စည်းရေးအတွက် သတင်းစာရှင်းလင်းပွဲ

၁၁ရက် မတ်လ ၂၀၁၂ခုနှစ်
တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများဆန္ဒပြတောင်းဆိုမှု အခြေအနေနှင့် အခြေခံအလုပ်သမားသမဂ္ဂ(ယာယီ) ဖွဲ့စည်းရေးအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ အမ်သရီး စားသောက်ဆိုင်တွင် ယနေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ အခြေခံအလုပ်သမားသမဂ္ဂ (ယာယီ) အလုပ်အမှုဆောင်အဖွဲ့ တိုင်ရီအလုပ်သမား ခေါင်းဆောင် ဦးမျိုးမင်းသိန်း မှ ဦးဆောင်ကျင်းပခဲ့ပါသည်။ 
သတင်းစာရှင်းလင်းပွဲကို စာနယ်ဇင်းတိုက်မှ သတင်းသမားများ၊ ၈၈ ကိုယ်စားလှယ် ကိုမျိုးအောင်လှိုင်၊ ကိုဇော်မင်း ၊ အလုပ်သမားအဖွဲ့အစည်း လယ်သမားရေးရာ အဖွဲ့အစည်းများ၊ သမဂ္ဂအဖွဲ့အစည်းများမှ အလုပ်သမားများ၊ ဗ က သ အဖွဲ့ဝင်များ၊ ဥပေဒအကြံပေးများ၊ နိုင်ငံရေးလောကမှ လူများတက်ရောက်ခဲ့ကြပါသည်။
သတင်းစာရှင်းလင်းပွဲတွင် တိုင်ရီအလုပ်သမားများစုပေါင်းအရေးဆိုမှုများ၊ အောင်မြင်ခဲ့မှုများအလုပ်သမားသမဂ္ဂ ဖွဲ့စည်းရသော အကြောင်းရင်းများကို ရှင်းလင်းတင်ပြခဲ့သည်ဟု မစုစုနွေးမှ ပြောပါသည်။
“သဘာပတိ ဦးမျိုးမင်းသိန်းကနေပြီးတော့ မိန့်ခွန်းပြောတယ်ရှင့်၊ အခြေခံအလုပ်သမား သမဂ္ဂ ဖွဲ့စည်းရခြင်းနဲ့ ပတ်သက်လို့ သူကတင်ပြတယ်၊ အတွင်းရေးမှူး မသန်းသန်းဆွေကနေပြီးတော့ စက်ရုံ ဆန္ဒပြရခြင်းရဲ့အခြေအနေကို ရှင်းလင်းပြောကြားပါတယ်၊ ပြန်ကြားရေးဌာနက မစန္ဒာမွန်ကတော့ တိုင်ရီစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂရဲ့ သဘောထားထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားရှင်းလင်းသွားပါတယ်၊ ဥပေဒ အကြံပေး ဦးဌေးကနေပြီးတော့ ဥပဒေနဲ့အညီ တိုင်ရီ အလုပ်သမားသမဂ္ဂကို ဘယ်လိုဖွဲ့စည်းခဲ့ရသလဲ ဆိုတာကို ရှင်းလင်းပေးပါတယ်ရှင့်၊ ဗ က သ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကိုနန္ဒာသိန်းအောင် ကနေပြီးတော့ သူတို့ရဲ့ သဘောထားကို တင်ပြရှင်းလင်း ပါတယ်၊ နောက်ပြီး သတင်းစာ ဆရာကြီးတွေ မေးသမျှမေးခွန်းတွေကို သဘာပတိ ဦးမျိုးမင်းသိန်းကိုယ်တိုင် တာဝန်ယူ ဖြေကြားသွားပါတယ်ရှင့်”
မတ်လ (၉) ရက်နေ့တွင် နိုင်ငံတော် အစိုးရမှ မှတ်ပုံတင်အရာရှိ ခန့်အပ်ခဲ့သည့် အတွက်ကြောင့် တိုင်ရီ စက်ရုံအလုပ်သမား သမဂ္ဂမနေနဲ့  ဆက်ပြီးမှတ်ပုံတင်မည့်အကြောင်း တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားများ သမဂ္ဂရဲ့ ဥပဒေအကြံပေး ဦးဌေးက ဆိုပါတယ်။
“ ဒီဥပဒေအရဆိုရင် မြို့နယ်မှတ်ပုံတင်အရာရှိ ကို ခန့်အပ်ရအုံးမှာ။ ခန့်အပ်ပြီးမှ အဲဒီမြို့နယ်မှတ်ပုံတင်အရာရှိထံမှာ ကျွန်တော်တို့မှတ်ပုံတင်ရမှာ ကျွန်တော်တို့ဘက်ကတော့ ဥပဒေ နည်းဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ပုံစံအတိုင်း အခြေခံအထိအောင်ပြီးနေပြီ အခြေခံအလုပ်သမားသမဂ္ဂ (ယာယီ) က ဖွဲ့စည်းပုံကတော့ ရေးဆွဲတုန်းဖြစ်ပါတယ်။ အလုပ်အမှုဆောင်အဖွဲ့တွေက ဆက်လက်ကြိုးပမ်းဆဲဖြစ်ပါတယ်။ မူကြမ်းတွေကတော့ မပြီးသေးပါဘူး ဒါပေမယ့် ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါတယ်” 
တိုင်ရီဖိနပ်စက်ရုံ အခြေခံ အလုပ်သမားများသမဂ္ဂ မှတ်ပုံတင်နိုင်ရေးအတွက် မတ်လ (၄) ရက်နေ့က ဥပဒေအကြံပေး ဦးဌေးအိမ်တွင် အစည်းအဝေးကျင်းပခဲ့ပါသည်။

No comments:

Post a Comment