Monday, March 26, 2012

စစ်တွေ-ဘူးသီးတောင် သင်္ဘောလိုင်း အစိုးရထံ ပြန်အပ်ရန် ဆရာတော် ၂၇ ပါးက စာရေးတောင်းဆို


၂၄ရက် မတ်လ ၂၀၁၂ခုနှစ်
စစ်တွေ-ဘူးသီးတောင် သင်္ဘောလိုင်းကို ပုဂ္ဂလိက လက်ထဲမှ အစိုးရလက်ကို ပြန်လည် 
အပ်နှံရန် ဘူးသီးတောင်မြို့ပေါ်မှ ဆရာတော် ၂၇ ပါးက ကုမ္ပဏီပိုင်ရှင်အား စာရေး
တောင်းဆိုလိုက်သည်။
" သင်္ဘောခ ဈေးကြီးတဲ့ အတွက် ဆင်းရဲတဲ့ ပြည်သူတွေ စစ်တွေနဲ့ ဘူးသီးတောင်အကြားမှာ
သေရေး ရှင်ရေး ဖြစ်နေရင်တောင်မှ ခရီးမသွားနိုင်တော့ဘူး။ ဒါကြောင့် သင်္ဘောခကို အရင် 
အစိုးရ ဈေးနုန်းနဲ့ ယူနိုင်မလား၊ ယူနိုင်မယ်ဆိုရင်ဆွဲ၊ မယူနိုင်ဘူးဆိုရင် ပုဂ္ဂလိက လက်ကနေ  
သင်္ဘောလိုင်းကို အစိုးရကို ပြန်အပ်ဖို့ ဦးဇင်းတို့က စာရေးတောင်းဆိုလိုက်တာ ဖြစ်တယ်။
မြို့ပေါ်က ရဟန်းတွေ အကုန်လုံးပါတယ်။ ဆရာတော် ၂၇ ပါးက လက်မှတ်ထိုးပြီး နဂါးမင်း 
ကုမ္ပဏီ ဦးကျော်ညွှန့်ဆီကို စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်" ဟု ဦးဆောင်ဆရာတော် 
ဦးသောမက နိရဉ္စရာသို့ မိန့်ကြားသည်။

No comments:

Post a Comment