Wednesday, March 28, 2012

အလုပ်သမား သမဂ္ဂ ၂ ခု ဖွဲ့စည်းလိုက်ပြီ


၂၇ရက် မတ်လ ၂၀၁၂ခုနှစ်
ချည်မျှင်နှင့် အထည်ချုပ် အလုပ်သမားများ သမဂ္ဂနှင့် ဆောက်လုပ်ရေး အလုပ်သမားများ
သမဂ္ဂအား ဖွဲ့စည်းတဲ့ အခမ်းအ နားတခုကို ဒီကနေ့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ 
ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။ ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂတွေ တရားဝင်
ဖြစ်ရေးအတွက် အစိုးရမှခွင့်ပြုထားတဲ့ ဥပဒေနဲ့အညီ လာမယ့် ဧပြီလ ပထမပတ်ထဲမှာ 
မှတ်ပုံတင်နိုင်ရန်အတွက် လိုအပ်တဲ့ အချက်အလက်များ အသင့်ပြင်ဆင်ထားတယ်လို့  
သိရှိရပါတယ်။

No comments:

Post a Comment