၂၂ရက် မတ်လ ၂၀၁၂ခုနှစ်
၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်
ချေးငွေ အတိုးနှုန်းအား ၈ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ်ပေးမည်ဖြစ်ကြောင်း
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စုံစမ်းသိရှိရသည်။ စိုက်ပျိုးစရိတ်ချေးငွေများအား
အတိုးနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် သတ် မှတ်ကောက်ခံခဲ့ရာမှ ၂၀၁၁ ခုနှစ် စက် တင်ဘာလ
၁ ရက်နေ့တွင် အတိုး နှုန်း ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇန်န၀ါရီလ ၁
ရက်နေ့ တွင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းသို့ လည်းကောင်း လျော့ချသတ်မှတ်ပေးခဲ့ပြီး
အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ သတ်မှတ်မှုမှာ လာမည့် ဧပြီလ ၁ ရက်နေ့မှ
စတင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment