Friday, March 30, 2012

မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

၂၉ရက် မတ်လ ၂၀၁၂ခုနှစ်
အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း 
မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။ နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာ
ဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ 
ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှား
ယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ 
မခက်ခဲကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား 
သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

AFP
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား 
အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။ ၂၀၁၁ ခုနှစ် 
ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား 
၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြသည်။

No comments:

Post a Comment