Thursday, March 29, 2012

အလုပ်သမား သမဂ္ဂနှစ်ခု ဖွဲ့စည်းပြီးကြောင်း သတင်းစာရှင်းလင်းပွဲ တရားဝင် ကျင်းပ


၂၈ရက် မတ်လ ၂၀၁၂ခုနှစ်
ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ 
သမဂ္ဂများ ဖွဲ့စည်းပြီးကြောင်းနဲ့ မကြာမီတွင် မြန်မာအစိုးရထံ မှတ်ပုံတင်မှာ ဖြစ်ကြောင်း 
တရားဝင် ကြေငြာတဲ့ အခမ်းအနားတခုကို ၂၀၁၂ မတ်လ ၂၇ ရက်နေ့ နေ့လည် ၁၁ 
နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမိုးကြီးကားဂိတ်အနီးရှိ
ကျော်ဟိန်း လက်ဖက်ရည်ဆိုင်အနီးတွင် ကျင်းပခဲ့ရာ အလုပ်သမားအင်အား တရာကျော်၊ 
အလုပ်သမားဆိုင်ရာ ဥပဒေသမားအချို့နဲ့ ပြည်တွင်းသတင်းထောက်အချို့ 
တက်ရောက်ခဲ့ပါတယ်။

No comments:

Post a Comment