Thursday, March 22, 2012

ရခိုင်ကမ်းလွန် အေ-၆ ၌ သဘာဝဓာတ်ငွေ့ခိုအောင်းမှု ထပ်မံတွေ့ရှိ


ဂျူးလိယက်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း
ဆောင်ရွက်လျက်ရှိသော MPRL E&P Pte Ltd သည် မြန်မာ နိုင်ငံ၏ ရခိုင်ကမ်းလွန်ရှိ 
ကမ်းလွန်လုပ် ကွက် အမှတ်အေ-၆၌ အစမ်းတွင်း အမှတ် Pyi Thar -1 STအား တူးဖော် 
ရာတွင် အနက်ပေ ၄,၂၇၀ ခန့်တွင် ပေ ၁၈၀ ခန့်ထူသော သဲကြော၏ အတွင်း အပေါ်ပိုင်း
အထူ ပေ ၂၀ နှင့် အခြားသော သဲကြော အချို့တွင် သဘာဝဓာတ်ငွေ့ များ ခိုအောင်း
နေသည်ကို တွေ့ရှိရကြောင်း MPRL E&P Pte Ltd မှ သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment