Thursday, March 29, 2012

သတင်းမီဒီယာ လွတ်လပ်စွာ သတင်းရယူခွင့်ပြု


၂၈ရက် မတ်လ ၂၀၁၂ခုနှစ်
ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေကို 
ကန့်သတ်ချက်မရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး
ဌာန အရာရှိတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
ရွေးကောက်ပွဲအတွက် ပြည်တွင်း သတင်းထောက် ၄၀၀ ကျော်ကို သတင်းရယူခွင့် 
ပြုထားပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ 
ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောပါတယ်။

RFA
"ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခု အတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု"
 ခေါင်းစဉ်နှင့် ပြည်တွင်းပြည်ပ မြန်မာသတင်း မီဒီယာ အဖွဲ့အစည်းများ၏ 
ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းလျားကန် 
ဟိုတယ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ မှ ၃၁ ရက်နေ့အထိ ကျင်းပနေစဉ်။

No comments:

Post a Comment