Friday, March 23, 2012

တာမွေဈေးပြောင်းရွေ့မှုအား ဆိုင်ရှင်အများစု၏ ဆန္ဒအရ ဆုံးဖြတ်မည်ဟုဆို


အိအိတိုးလွင်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
အငြင်းပွားနေသော တာမွေ(ယာယီ) ဈေး ရွှေ့ပြောင်းရေးကိစ္စအား ဈေးသူ ဈေးသားအများစု၏ ဆန္ဒအရသာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက 
ပြောကြားခဲ့သည်ဟု သိရသည်။
"ဈေးသူဈေးသားအများစုရဲ့ ဆန္ဒ အတိုင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြင့်ဆွေဆီ
ကို စာရေးပြီးပြောပါ တယ်။ ဖုန်းနဲ့လည်း ပြောပါတယ်။ လက် မှတ်ထိုးထားတဲ့ စာတွေကိုလည်း 
ပို့ထား ပြီးပါပြီ။ ၀န်ကြီးချုပ်ကလည်း ဈေးသူ ဈေးသားအများစုရဲ့ ဆန္ဒအတိုင်း ဆောင် ရွက်ပေးမယ်လို့ တယ်လီဖုန်းနဲ့လှမ်း ပြောပါတယ်။ ဒါကို လာအကြောင်း ကြားတာပါ"ဟု ပြည်ထောင်စုအဆင့်
ပြုပြင်ပြောင်း လဲရေး ကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်အမတ် ဦးအောင် သိန်းလင်းက မတ်လ ၁၈ ရက်နေ့က ဈေးသူဈေးသားများ၏ ရှေ့မှောက် တွင် ပြောကြားသည်။

No comments:

Post a Comment