Tuesday, March 27, 2012

အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း

၂၆ရက် မတ်လ ၂၀၁၂ခုနှစ်
ရွှေပြည်သာမြို့နယ်ရှိ ပေါ်ပြူလာ၊ Ever First ၊ အိပ်ဇဲလ် စတဲ့ ချည်မျှင်နဲ့ အထည်ချုပ်
လုပ်ငန်းတွေက အလုပ်သမားတွေ စုပေါင်းပြီး မနေ့က သမဂ္ဂဖွဲ့စည်းခဲ့ကြကြောင်း 
သတင်းရရှိပါတယ်။ အလားတူ ဒဂုံမြို့နယ်အတွင်းက ဆောက်လုပ်ရေး အလုပ်သမား
တွေကလည်း မနေ့ကပဲ သမဂ္ဂဖွဲ့စည်းခဲ့ကြပါတယ်။ အခုလို သမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့ 
လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကော်မတီက ကူညီဆောင်ရွက်ပေးနေကြောင်း ဒေါ်အိရွှေစင်က ပြောပြပါတယ်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ 
အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ 
(Photo: AFP)

No comments:

Post a Comment