Wednesday, March 28, 2012

အိမ်ထောင်စု (၄၈) စုရဲ့အိမ်ပြောင်းရွှေ့ရမယ့် အခက်အခဲ


၂၇ရက် မတ်လ ၂၀၁၂ခုနှစ်
ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ စမ်းချောင်းကြီး ကွက်သစ်မှာ နေထိုင်လာတာ 
၁၀ နှစ်ကျော် ရှိပြီဖြစ်တဲ့ အိမ်ထောင်စု ၄၈ စုကို ကျူးကျော် မြေနေရာတွေမှာ ဝင်ရောက်
နေထိုင်နေတဲ့အတွက်ကျေးရွာ ရယက ဥက္ကဌနဲ့ အတွင်းရေးမှူးတွေက ပြောင်းရွှေ့
ခိုင်းနေပါတယ်။ ပြောင်းရွှေ့ပေးရမယ့် အိမ်ထောင်စုတွေအတွက် ကျပ်ငွေတစ်သိန်းစီ 
ထုတ်ပေးပေမဲ့ အိမ်ထောင်စုတွေ အနေနဲ့ လက်မခံဘဲနေထိုင်ဖို့အတွက် မြေနေရာအစား လိုချင်ကြောင်း ပြောတာကြောင့် မြေနေရာအစား ပြန်ပေးတယ်လို့ သိရပါတယ်။ 


No comments:

Post a Comment