Saturday, March 24, 2012

လယ်လုပ်သူ လယ်ပိုင်ရုံသာမက ပေါင်နှံရောင်းချ လွှဲပြောင်းပိုင်းခွင့်ရှိမည်


၂၄ရက် မတ်လ ၂၀၁၂ခုနှစ်
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် လယ်ယာမြေဥပဒေတွင်
မြေအောက်ရှိ သယံဇာတများကို ထုတ်ယူသုံးစွဲခွင့် မရှိသော်လည်း လယ်လုပ်
သူများအနေဖြင့် သားစဉ်မြေးဆက် လယ်ယာပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်သကဲ့သို့ 
လွှဲပြောင်းရောင်းချပေါင်နှံ ခွင့်ကိုပါ ခွင့်ပြုထားကြောင်း သီပေါမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ အသစ်ရေးဆွဲသည့် 
လယ်ယာမြေဥပဒေသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ အကျိုးအမြတ် ထုတ်ယူ
ခံစားခွင့် မရသေးသော်လည်း အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် 
ဗီယက်နမ်နိုင်ငံများနှင့် များစွာမကွာခြားလှကြောင်း ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

No comments:

Post a Comment