Tuesday, March 27, 2012

လွတ်လပ်သည့် သတင်းစာဆရာများ အသင်း ဖွဲ့ရန် စီစဉ်


၂၆ရက် မတ်လ ၂၀၁၂ခုနှစ်
သတင်း မီဒီယာသမားများ လွတ်လပ်စွာ ထုတ်ဖော် ရေးသားနိုင်ခွင့် အတွက် 
လွတ်လပ်သော မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း ကို မကြာမီ ဖွဲ့စည်း
သွားရန်စီစဉ်နေကြောင်း သိရသည်။ မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း 
ဖွဲ့စည်းပြီးပါက ပထမဆုံး တောင်းဆိုမည့် ကိစ္စသည် လက်ရှိရေးဆွဲနေသည့် 
မီဒီယာ ဥပဒေ ၌ သတင်းမီဒီယာသမား များအား ထိန်းချုပ်မည့် ဥပဒေ နှင့် 
မလိုအပ်သည့် ဥပဒေ ပုဒ်မ များအား ရုပ်သိမ်းပေးရေး၊ ပြင် ဆင်ပေးရေး 
စသည်တို့ကို တောင်းဆိုသွားမည်ဟု မြန်မာနိုင်ငံ သတင်းစာ ဆရာများ 
အသင်း ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ရိုက်တာသတင်း ဌာန မှ 
ဦးအောင်လှထွန်း က ဧရာဝတီ ကို ပြောသည်။

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံတွင်
 ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း အမှာစကားပြောကြား နေစဉ်(ဓာတ်ပုံ - NLM)

No comments:

Post a Comment