Friday, March 23, 2012

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လမ်းကြောင်းဖောက်လုပ်ခဲ့မှုအတွက် ပါဝင်သော ခြံပိုင်ရှင်အချို့ လျော်ကြေးငွေများ ယခုအချိန်ထိ မရရှိသေး


၂၂ရက် မတ်လ ၂၀၁၂ခုနှစ်
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ၌ အကောင်
အထည်ဖော် တည်ဆောက်လျက်ရှိသော ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး
စီးပွားရေး စီမံကိန်း စတင်ချိန်၌ ဒေသခံများအား အသိပေးခြင်းမရှိဘဲ လမ်းကြောင်း
ဖောက်လုပ်ခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်း တို့အတွက် အဆိုပါ မြေများကို ပိုင်ဆိုင်သော ဒေသခံများအား နေပြည်တော်မှ တာဝန်ရှိသူများ လာရောက်၍ 
နစ်နာကြေး ပေးအပ်ခဲ့ပြီး စီမံကိန်းတာဝန်ရှိသူများအား ဒေသခံများကို အသိမပေးဘဲ
ခြံမြေများကို ရှင်းလင်းခြင်း မပြုရန် သတိပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment