Friday, March 30, 2012

ထိခိုက်မှုတာဝန်မယူတဲ့ အလုပ်ရှင်ကို ရွေတွင်းလုပ်သားတိုင်တန်း


၂၉ရက် မတ်လ ၂၀၁၂ခုနှစ်
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ရွေကျင်မြို့နယ်မှာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုကို အလုပ်ရှင်က ဆေးမကုပေးတဲ့အတွက် အလုပ်သမားဘက်က မြို့နယ်နဲ့ တိုင်းအာဏာပိုင်ဆီ တိုင်ကြားလိုက်ပါတယ်။ ရွေကျင်မြို့နယ်နေ ရွေတွင်းလုပ်သား ကိုပြုံးချိုဟာ လွန်ခဲ့တဲ့ ၄ လလောက်က ဦးမြစိုးပိုင် ရွေတွင်းမှာ အလုပ်လုပ်ရင်း လုပ်ငန်းခွင်မှာ အပြင်းအထန် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၄ လက်မပိုက်လုံးကြီး ခါးပေါ်ပြုတ်ကျတဲ့အတွက် ခါးကျိုးဒဏ်ရာကြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က ဆေးဖိုးငွေကြေး မထုတ်ပေးခဲ့ပါဘူး။ ဒါကြောင့် ဇနီးဖြစ်သူက ရိုးရာတိုင်းရင်းဆေးဝါးတွေနဲ့ ကုသခဲ့ရာ မသက်သာဘဲ အောက်တပိုင်း သေသွားခဲ့တာပါ။

No comments:

Post a Comment