Thursday, March 29, 2012

မြန်မာ-ကိုရီးယား ကုန်သွယ်ရေးတိုးမြှင့်ရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၂၀၁၂ ကျင်းပမည်


၂၈ရက် မတ်လ ၂၀၁၂ခုနှစ်
နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်ရန် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
ဖိုရမ် ၂၀၁၂ ကို နေပြည်တော်တွင် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ 
အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဓိက
စီမံချက်များ၊ စီးပွားရေးအခွင့်အလမ်းများ၊ ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု  
အတွေ့အကြုံများ အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း  
သိရသည်။ 

No comments:

Post a Comment