Tuesday, March 27, 2012

ကလေးစစ်သားကိစ္စ အိုင်အယ်လ်အို တိုင်ကြား


၂၆ရက် မတ်လ ၂၀၁၂ခုနှစ်
စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု မပြည့်မီတဲ့ လူငယ်တစ်ဦး အပါအ၀င် ကလေးစစ်သား 
၃ ဦးကို မိဘတွေက စစ်တပ်တွင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတာကို 
ကူညီဆောင်ရွက်ပေးဖို့ ဒီကနေ့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို 
သွားရောက် အကူအညီ တောင်းခံခဲ့တယ်လို့ ကလေးတွေရဲ့ မိဘဆွေမျိုးတွေက
ပြောကြပါတယ်။

(Photo: AFP)
ကလေးစစ်သားအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် အသက် ၁၆ နှစ် 
မပြည့်သေးသော မောင်ဆန်းဦးအား ၂၀ဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က  
စစ်ဝတ်စုံဖြင့် သေနတ်ထမ်းလျက် ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ 
၎င်း၏ အမှုကိုလည်း ILO သို့ တိုင်ကြားထားသည်။

No comments:

Post a Comment