Friday, March 23, 2012

ကြံမစိုက်ချင်ပဲ စိုက်ပျိုးနေကြရတဲ့ ရေတာရှည် လယ်သမားတွေ


၂၂ရက် မတ်လ ၂၀၁၂ခုနှစ်
ပဲခူးတိုင်း ရေတာရှည် မြို့နယ်အတွင်းမှာရှိတဲ့ လယ်မြေတွေကို အမှတ် (၆)  
သကြားစက်က သိမ်းယူပြီး အတင်းအဓမ္မ ကြံစိုက်ပျိုးခိုင်းနေတဲ့ အတွက် ဒေသခံ
လယ်သမားတွေမှာ အခက် အခဲတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။ သကြားစက် 
အာဏာပိုင်တွေက လယ်မြေတွေမှာ ကြံမစိုက်ပျိုးရင် လယ်မြေတွေကို ပြန်လည်
သိမ်းယူမယ် ဆိုတဲ့ ခြိမ်းခြောက် ပြောဆိုတာတွေကြောင့် လယ်သမားတွေက 
ကြံမစိုက်ချင်ပဲ စိုက်ပျိုးနေကြရပါတယ်။


No comments:

Post a Comment