Saturday, March 24, 2012

ကရင်နီမှာ ဘီးလပ်မြေစက်ရုံဆောက်ဖို့ တရုတ်နဲ့ ဂျာမနီ ပညာရှင်တွေရောက်ပြီ


၂၃ရက် မတ်လ ၂၀၁၂ခုနှစ်
ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းမှာ ဘိလပ်မြေတန်ချိန် ၄၀၀၀ ထုတ်လုပ်ပေးနိုင်မည့်  
ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ တရုတ်နဲ့ဂျာမနီ အင်ဂျင်နီယာအချို့ ဆောက်လုပ်မည့်
နေရာကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
"အခုသူတို့ အလုပ်သမားတွေက ဆယ်ဂဏန်း လောက်ပဲ တွေ့ရသေးတယ်။ နောက်ပြီး 
သူတို့ လုံခြုံရေးအတွက် စစ်တပ်တွေက ကားသုံးစီးနဲ့ ပတ်ပတ်လည် နေရာတွေ 
ယူထားပေးတယ်၊ နောက်ထပ် သူတို့ အလုပ်သမားတွေကိုလည်း အယောက် ၂၀၀
လောက် ထပ်လာမယ်လို့ပြောတယ်" လို့ ပကျဲကျေးရွာက ရွာခံတယောက်က ပြောပါတယ်။

No comments:

Post a Comment