Sunday, March 11, 2012

ရှမ်းပြည်နယ်က အိုးစည်တောင်ကို ကျောက်တူးဖော်ရန် မိုင်းခွဲဖြို (ဓာတ်ပုံသတင်း)


၁၀ရက် မတ်လ ၂၀၁၂ခုနှစ်
ရှမ်း ပြည်နယ် ကလောမြို့ အဝင်မှာရှိပြီး ဒေသခံတွေ မြတ်နိုးလေးထားတဲ့  
အိုးစည်တောင်ကို ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီတခုက မိုင်းခွဲ ဖြိုဖျက်နေပါတယ်။  
အိုးစည် တောင်ဟာ ဒေသခံတွေအတွက် ပါးစပ်ရာဇဝင်များစွာရှိပြီးလောင်းတော်
ကသဖ ဘုရားနဲ့ တောင်ကြောတဆက်တည်း တန်းတယ်လို့ ဒေသခံတွေက  
ယုံကြည်နေကြသလို ရှမ်းရိုးရာ အိုးစည် ပုံသဏ္ဍန်ရှိတာကြောင့်လည်း ဒေသခံတွေက 
ပိုပြီးမြတ်နိုးကြတာပါ။ အိုးစည်တောင်နဲ့ ကပ်လျှက် တောင်တွေမှာလည်း 
ဘုရားတဆူစီ တည်ရှိပါတယ်။

No comments:

Post a Comment