Tuesday, May 12, 2015

On Mar 9, 2014,Pre-Departure Training for Migrant Workers Organized by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးသင်တန်း

On May 9, 2015, Pre-Departure Training for Migrant Workers Organized by CTUM-AFFM ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးသင်တန်း 
( ၂၀၁၅ခုနစ်၊ မေလ၊ ၉ရက်နေ့)
၂၀၁၅ခုနစ်၊ မေလ၊၉ရက်နေ့တွင်ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊မင်းတဲကျေးရွာ၊ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)အဖွဲ့ဝင်ဖြစ်ကြသော မြန်မာနိုင်ငံတောင်သူလယ်သမားနှင့်စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM),CTUMရွှေ့ပြောင်းအလုပ်သမားဌာနတို့ပူးပေါင်း ဆောင်ရွက် သော ရွှေ့ပြောင်းအလုပ်သမားများအတွက် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး သင်တန်း  ပြုလုပ်ကျင်းပခဲ့ပါသည်။

ထိုသင်တန်းသို့ မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM) ပဲခူးတိုင်းဥက္ကဌဦးတင့်လွင်မှအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။သင်တန်းဆရာ/မများအနေဖြင့်CTUM ရွှေ့ပြောင်းအလုပ်သမားဌာနမှ ဒေါ်ထွေးထွေးသိန်း မှထိုင်းနိုင်ငံရှိအလုပ်သမားဥပဒေများအားလည်းကောင်း၊ဦးဟိန်းလတ်(AFFM)မှမလေးရှားနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားအကြောင်းနှင့် တရားဝင်၊ တရားမ၀င် သွားရောက်လုပ်ကိုင်သော ရွှေ့ပြောင်းအလုပ်သမား၏ အလုပ်လုပ်ခွင့်လက်မှတ်နှင့် ပါတ်ပို့များအကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

CTUM အဖွဲ့ချုပ်၏ Migrant ဌာနအနေဖြင့် ထိုင်းသို့ သွားရောက်လုပ်ကိုင်တော့မည့်အလုပ်သမားများ ဆက်သွယ် ဆောင်ရွက်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီနှင့် ဆွေးနွေးညှိနိုင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
ထိုသင်တန်းသို့ ပဲခူးတိုင်း၊ ဒိုက်ဦးမြိ့နယ်မှ သင်တန်းသား စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ပါသည်။






No comments:

Post a Comment